Connect with us

Politics, Law & Military

သာစည်မြို့နယ်၌ ယာဉ်ဘရိတ်ပေါက်၍တိမ်းမှောက်မှုကြောင့် လူ ၃ ဦး သေ၊ ၁၈ ဦး ဒဏ်ရာရရှိ

သာစည်မြို့ အဝင်ဆိုင်းဘုတ်အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ယင်းမာပင်ကျေးရွာအနီး မိတ္ထီလာ-တောင်ကြီးကား လမ်းမိုင်တိုင်(၃၃/၁-၂)ကြား၌ ယာဉ်ဘရိတ်ပေါက်၍တိမ်းမှောက်မှုကြောင့် လူ ၃ ဦး သေ၊ ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။

ခရီးသည် ၂၂ ဦး လိုက်ပါသော 8K/xxxx Light Trust ယာဉ်သည် ဇွန် ၇ ရက်တွင် ဘရိတ်ပေါက်၍ လမ်းဝဲဘက်ခြမ်းရှိ ကျောက်နံရံအား ဝင်ရောက်တိုက်မိကာ တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၈ဦးတွင် ၇ဦးသည် မျက်ခုံး/မေးစေ့/ခါးဖူးရောင်ပေါက်ပြဲဒဏ်ရာများ(စိုးရိမ်ရ)နှင့် ကျန် လူနာ ၁၁ ဦးတို့တွင် ပွန်းပဲ့/ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ယင်း ယာဉ်တိုက်မှုဖြစ်စဉ်တွင် ယာဉ်မောင်းအား ယင်းမာပင်နယ်မြေရဲစခန်း ယာဉ်(ပ)၁၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/ ၃၃၇ (ပေါ့လျော့မှုကြောင့် လူသေစေမှု/ ပြင်းထန်/ သာမန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.