ကိုလံဘို၊ ဧပြီလ ၂၇ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံအရှေ့ပိုင်း ကာလ်မူနိုင်း(Kalmunai) မြို့တွင် သီရိလင်္ကာလုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် အကြမ်းဖက်သမားဟုသံသယရှိရသူများ ဧပြီလ ၂၆ ရက်ညကတိုက်ပွဲဖြစ်ပွားခဲ့ရာ သေနတ်သမားနှစ် ဦးနှင့် အသေခံဗုံးခွဲသမားများဟု သံသယရှိရသူလေးဦးကို အသေရမိခဲ့ကြောင်း သီရိလင်္ကာစစ်ဖက်က ဧပြီလ ၂၆ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ပေကျင်း၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ခေတ်သစ်ပိုးလမ်းမကြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန် နိုင်ငံများအားလုံး လက်တွဲအားထုတ်ကြိုးပမ်းကြရန် ဧပြီလ ၂၇ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မြို့တော် ပေကျင်းတွင် ဧပြီလ ၂၇ ရက်တွင် ကျင်းပလျက်ရှိသည့် ဒုတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ် ထိပ်သီးခေါင်းဆောင်များ စားပွဲဝိုင်းဆွေးနွေးပွဲ၌ သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)
ရန်ကုန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတို့ တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် ၏အရှိန်ကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်ေ လျှာက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါး ဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သ တိပြုကြရန် မိုးလေဝသ...
ဝါရှင်တန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံအနေဖြင့် အိုဘားမား (Obama) အစိုးရလက်ထက်က လက်မှတ်ရေးထိုးခဲ့သော နိုင်ငံတကာ လက်နက်ကုန်သွယ်မှု သဘောတူစာချုပ်မှ နုတ်ထွက်သွားမည် ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဧပြီလ ၂၆ ရက်တွင် ကြေညာလိုက်သည်။
ရန်ကုန်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ) အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာ ကာ မုန်တိုင်းငယ်(Depression)တစ်ခုအဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့် ဟု သတ်မှတ်ကြောင်း မိုးလေဝသ...
ဒူဘိုင်း၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ) ဒူဘိုင်းကုန်စည်ပြပွဲ ၂၀၂၀ ပွဲကို နိုင်ငံပေါင်း ၁၂၀ တက်ရောက်ရန်ရှိကြောင်း၊ ထိုနိုင်ငံများမှ နိုင်ငံတကာပွဲအားပူးပေါင်းပါဝင်မည်ဟုကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါကုန်စည်ပြပွဲမှ ပြောရေးဆိုခွင့်ရှိသူက ဧပြီလ ၂၆ ရက် တွင် အတည်ပြုပြောကြားခဲ့ကြောင်း၊ state-run သတင်းဌာန WAM မှ ဖော်ပြခဲ့သည်။
ပေကျင်း၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် အကျိုးအမြတ်ရရှိစေရန် အိမ်နီးချင်းနိုင်ငံများ၏ ငွေကြေးတန်ဖိုးများကို ကျဆင်းအောင်ပြုလုပ်မည်မဟုတ်ကြောင်း သမ္မတရှီကျင့်ဖိန်က ဒုတိယအကြိမ်မြောက် ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ဖိုရမ် တွင် ပြောကြားခဲ့သည်။(Xinhua)
ပေကျင်း၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ကုန်စည်နှင့် ဝန်ဆောင်မှု သွင်းကုန်များအား ပမာဏများပြားစွာ တိုးမြှင့်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဧပြီလ ၂၆ ရက်တွင် ပြောကြားလိုက်သည်။ ထို့ပြင် တရုတ်နိုင်ငံက သွင်းကုန်အပေါ်ကောက်ခံသည့်နှုန်းထားများအား ထပ်မံလျှော့ချပေးမည်ဟု မြို့တော် ပေကျင်းတွင် ကျင်းပသည့် ဒုတိယအကြိမ်မြောက်...
ပေကျင်း၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ) ဒုတိယအကြိမ်မြောက် ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ဖိုရမ် တွင် တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်က ပြည်ပ စီးပွားရေးလုပ်ငန်းများကိုလည်း တရုတ်နိုင်ငံအတွင်း ပိုမိုရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်စေရန် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း အဖွင့်မိန့်ခွန်းထဲတွင် ပြောကြားခဲ့သည်။ (Xinhua)