ရန်ကုန် ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ) ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ(UBP)အား နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ဧပြီ ၂၅ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။
ပေကျင်း၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အခြားသောနိုင်ငံများနှင့် အဆင့်မြင့် လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူစာချုပ်များအား ဆွေးနွေးညှိနှိုင်းကာ လက်မှတ်ရေးထိုးရန်ရှိကြောင်း သမ္မတ ရှီကျင့်ဖိန်က ဧပြီလ ၂၆ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန် ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ) အကျဉ်းထောင်/စခန်း အသီးသီးတွင် အကျဉ်းကျခံနေကြရသော နိုင်ငံသား အကျဉ်းသား/သူ ၆၉၄၈ ဦးအား စည်းကမ်း သတ်မှတ်ချက် မထားဘဲ လွတ်ငြိမ်း သက်သာခွင့် ပေးလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ယနေ့ဧပြီ ၂၆ ရက်တွင် ပြစ်ဒဏ် လွတ်ငြိမ်း သက်သာခွင့်...
ပေကျင်း၊ဧပြီ ၂၅ ရက်(ဆင်ဟွာ) ဒုတိယအကြိမ်မြောက် ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ကျင်းပလျက်ရှိသည့် တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းမြို့ရှိ အထင်ကရနေရာများနှင့် သာယာလှပမှု ပုံရိပ်များ၊ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုပုံရိပ်များကို ဆင်ဟွာသတင်းဋ္ဌာနမှ ရိုက်ကူးတင်ဆက်ထားရာ အောက်ပါ video ထဲတွင်ရှုစားနိုင်ပါသည်။(Xinhua)
ရန်ကုန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ် တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၈၅,၂၅၀ ပြား(ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ် ၃၇၀၅ သိန်း)အား ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ) အိန္ဒိယသမုဒ္ဒရာနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်(၄၈)နာရီအတွင်း မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့လည် ၁၁း၃၀နာရီ တိုင်းတာချက်အား သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ) အာရှဒေသရှိ မြို့ကြီးများတွင် မြန်မာနိုင်ငံရှိ နေပြည်တော် နှင့် ရန်ကုန်မြို့တို့သည် ဧပြီလ ၂၅ ရက်တွင် အပူချိန်အမြင့်ဆုံး ဖြစ်ပွားလျက်ရှိကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထရီပိုလီ ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ) လစ်ဗျား နိုင်ငံ မြို့တော် ထရီပိုလီကို ထိန်းချုပ်ရန် နှစ်ဘက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည့် အတွက် အစိုးရ နှင့် နိုင်ငံ အရှေ့ပိုင်း အခြေစိုက် စစ်တပ် အကြား အပစ်အခတ် ရပ်စဲရေး တောင်းဆိုမှုအား ကုလသမဂ္ဂ...
ရန်ကုန် ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက် လုပ်ရပ်များ နှင့် စပ်လျဉ်း၍ မြန်မာ နိုင်ငံ ၊ နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ယနေ့ဧပြီ ၂၅ ရက်တွင် သတင်း ထုတ်ပြန်ချက် တစ်ရပ်အား ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် အီသီယိုးပီးယားနိုင်ငံ ဝန်ကြီးချုပ် Abiy Ahmed Ali တို့သည် ပေကျင်းမြို့ ၌ ဧပြီ ၂၅ရက်မှ ၂၇ရက်အထိ ကျင်းပမည့် ဒုတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ် မတိုင်မီ ဧပြီ...