Connect with us

Asia

(B&R Forum) ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးမှု မူဘောင်အောက်တွင် ထိုင်းနိုင်ငံ က လမ်းပန်းဆက်သွယ်မှုများကို ပိုမိုလုပ်ဆောင်သွားမည်ဟု တာဝန်ရှိသူပြောကြား

ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး Arkhom Termpittayapaisith အား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ မေ ၁၇ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံသည် ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးမှု မူဘောင်အောက်တွင် ပြောင်းလဲမှုကြီးတစ်ရပ်ဖြစ်ပေါ်လာရေး အစိတ်အပိုင်းတစ်ခုအနေဖြင့် လမ်းမကြီးများ နှင့် ရထားလမ်းများ အား ပိုမို အလေးပေးလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး Arkhom Termpittayapaisith က မေ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

Arkhom က ထိုင်းနိုင်ငံသည် အာဆီယံ အလယ်တွင် ကောင်းမွန်စွာ ရပ်တည်နေသော နိုင်ငံတစ်ခုဖြစ်သည့်အလျှောက် ထို့သို့လုပ်ဆောင်ရခြင်းဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများ နှင့်လည်း နယ်နိမိတ်ချင်း ကီလိုမီတာထောင်ပေါင်းများစွာ ထိစပ်နေကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ပေကျင်းမြို့တွင် ၂ရက်ကြာကျင်းပခဲ့သော နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီး နှီးနှောဖလှယ်ပွဲ မှ ပြန်လည်ရောက်ရှိလာသော ဝန်ကြီး Arkhom က နှီးနှောဖလှယ်ပွဲ အတွေ့အကြုံများကို သတင်းစာ ရှင်းလင်းပွဲ၌ ပြန်လည် ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက ခေတ်သစ်ပိုးလမ်းမကြီးတစ်လျှောက် ရှိ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးမှု နှင့် သန့်ရှင်းစွာ ဖွံ့ဖြိုးတိုးတက်မှု တို့ကို အဆင့်မြှင့်တင်ပေးနိုင်သည့် ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးမှု ကို တွန်းအားပေးဆောင်ရွက်ပေးသော တရုတ်နိုင်ငံကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ထိုင်း-တရုတ် ရထားလမ်း စီမံကိန်း နှင့် ပတ်သက်၍ Arkhom က ထိုင်းနိုင်ငံသည် ကူမင်းမြို့ နှင့် ဘန်ကောက်မြို့ကို ဆက်သွယ်ပေးထားသော ရထားလမ်းတည်ဆောက်မှုကို ထောက်ခံပေးသွားမည်ဖြစ်ပြီး ဘန်ကောက်မြို့မှ ထိုင်း-လာအို နယ်စပ် ရှိ Nong Khaiမြို့ အထိ ရထားလမ်းတည်ဆောက်မှုအား ထိုင်းနိုင်ငံက တာဝန်ယူထားကြောင်း ပြောကြားခဲ့သည်။

၎င်းက ဘန်ကောက်မြို့မှ Nong Khai မြို့ အထိ ရထားလမ်း စီမံကိန်းသည် အလွန်အရေးပါပြီး ယင်းရထားလမ်းသည် ထိုင်းနိုင်ငံကို လာအိုနိုင်ငံ၊ တရုတ်နိုင်ငံ တို့ နှင့် ဆက်သွယ်ပေးနိုင်မည့် အပြင် အနာဂတ်တွင် မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံတို့ နှင့်လည်း ဆက်သွယ်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဘန်ကောက်မြို့ မှ ရနောင်းမြို့အထိ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP)စနစ်ဖြင့် မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်း အကောင်အထည်ဖော်မှုသည် ရထားလမ်းစီမံကိန်း နှင့် ချိတ်ဆက်ကာ ကုန်ထုတ်လုပ်မှု အဓိက စင်တာ နှင့် အင်ဒိုချိုင်းနား ကျွန်းဆွယ် ၏ ပို့ဆောင်ရေးအချက်အချာဖြစ်သော ထိုင်းနိုင်ငံအရှေ့ပိုင်းစီးပွားရေးစြင်္ကန် (EEC) နှင့် ဆက်သွယ်သွားမည် ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

၎င်း က ရထားလမ်းစီမံကိန်းသည် EEC နှင့် ချိတ်ဆက်မိပါက ရည်မှန်းထားသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို အကူအညီပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117