Media
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်မည့်အပေါ် ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား
ပေကျင်း၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်မည့်အပေါ် ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။ အသေးစိတ်အစီအစဉ်များကို တရုတ်-အမေရိကန် နှစ်နိုင်ငံ ဆွေးနွေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်သည် ဖေဖော်ဝါရီ ၅ ရက်တွင် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း အမေရိကန် မီဒီယာများကဖော်ပြခဲ့ရာ အဆိုပါ အကြောင်းအရာနှင့်စပ်လျဉ်း၍ မိတ်ဆက်ပြောကြားပေးပါရန် ယင်းနေ့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံသည် သမ္မတရှီကျင့်ဖိန်အဆိုပြုသည့် အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်ရေးဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်မှု ဟူသော မူဝါဒ ၃ ခုဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အစဉ်အမြဲ ရှုမြင်သလို အမေရိကန်က တရုတ်နိုင်ငံအပေါ် မှန်ကန်သော အမြင်ထားရှိရန်၊ ထိပ်တိုက်ရင်ဆိုင်မှုမဟုတ်သော တွေ့ဆုံဆွေးနွေးမှု၊ သူနိုင်ကိုယ်နိုင် အားပြိုင်မှုမဟုတ်သော နှစ်ဖက်အကျိုးဖြစ်ထွန်းစေမှုကို လက်ကိုင်ထားစေလိုရာ တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ ခေါင်းဆောင်များ ရရှိသော အရေးကြီးသဘောတူညီချက်များကို မလျှော့မပေါ့ အကောင်အထည်ဖော်ဆောင်ရွက်၍ တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိအောင် တွန်းအားပေးဆောင်ရွက်သွားစေလိုကြောင်း ဝမ်ဝန်ပင်းက ပြောကြားခဲ့သည်။ (Xinhua)
……………………………………
(Chinese Version)
(电视通稿•国内•时政)外交部发言人:中方欢迎美国国务卿布林肯访华
外交部发言人汪文斌17日表示,中方欢迎美国国务卿布林肯访华。中美双方正就有关具体安排保持沟通。
当日例行记者会上,有记者问:据美国媒体报道,美国国务卿布林肯将于2月5日访问中国,与中国外交部长秦刚举行会晤。能否介绍有关信息?
汪文斌表示,中方始终按照习近平主席提出的相互尊重、和平共处、合作共赢三原则看待和发展中美关系,也希望美方树立正确的对华认知,坚持对话而非对抗、双赢而非零和,同中方相向而行,不折不扣落实两国元首达成的重要共识,推动中美关系重回健康稳定发展轨道。