Connect with us

Eastern Europe

ရုရှားနိုင်ငံရှိ ဈေးဝယ်စင်တာ ခြောက်ခုတွင် ဗုံးလန့်မှု ဖြစ်ပွား

Russia နိုင်ငံရှိ Red square တွင် လူများ သွားလာနေစဉ် (ဆင်ဟွာ)

စိန့်ပီတာဘာ့ခ်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ စိန့်ပီတာဘာ့ခ်မြို့ရှိ ဈေးဝယ်စင်တာ ခြောက်ခုတွင် ဗုဒ္ဓဟူးနေ့၌ ဗုံးလန့်မှု ဖြစ်ပွားခဲ့သည်။

ရုရှား လူမှု ကွန်ရက်ဖြစ်သော VKontakte မှ အင်တာနက် အသုံးပြုသူများ ကတော့ ထိုခြောက်လှန့်မှုသည် ယူကရိန်း အခြေစိုက် တယ်လီဖုန်း အကြမ်းဖက်သူများ၏ Dillindger အဖွဲ့မှ ခြောက်လှန့်မှု တစ်ခုဖြစ်ကြောင်း ဆိုပါသည်။

ယင်းအဖွဲ့သည် မကြာသေးမီ လများအတွင်း စိန့်ပီတာဘာ့ခ်ရှိ ဈေးဝယ်စင်တာများနှင့် အများပြည်သူဆိုင်ရာ လူစည်ကားသည့် နေရာများတွင် ခြိမ်းခြောက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး ထိုသို့ ပြုလုပ်ခြင်းမှာ ယူကရိန်း အရေးတွင် ရုရှားပါဝင်ခြင်းအပေါ် တုံ့ပြန်ခြင်း ဖြစ်သည်။

သို့သော်လည်း ဒေသဆိုင်ရာ ရဲများကတော့ ခြိမ်းခြောက်မှု၏ ပင်မရင်းမြစ်ကို အတည်ပြုလျက် ရှိပါသည်။

၎င်းခြောက်လှန့်သူများ ရည်ညွှန်းထားတဲ့ နေရာများတွင် ပေါက်ကွဲစေသော အရာများ မတွေ့ရှိရသော်လည်း ထိုခြောက်လှန့်မှု များအား အကြမ်းဖက် လုပ်ရပ်များ အဖြစ် ရုရှား အာဏာပိုင်များက သတ်မှတ်၍ စစ်ဆေးလျက် ရှိပါတယ်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117