Connect with us

Videos

တရုတ်နိုင်ငံထုတ် မြေအောက်ရထား ပေါ်တူဂီနိုင်ငံသို့ လွှဲပြောင်း

လစ္စဘွန်း၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ ထုတ်လုပ်သော မြေအောက်ရထား ၁၈ စင်းအနက် ပထမဆုံးရထားကို ပေါ်တူဂီနိုင်ငံရှိ Porto Metro ကုမ္ပဏီထံ ဖေဖော်ဝါရီ ၁၁ ရက်က လွှဲပြောင်းပေးအပ်ခဲ့သည်။အဆိုပါ အတွဲလေးတွဲပါ ရထားကို ပေါ်တိုမြို့လယ်ရှိ Trindade မြေအောက်ရထားဘူတာတွင် ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၄ ရက်အထိ ပြသထားမည်ဖြစ်သည်။

ထိုရထားကို တရုတ်နိုင်ငံ၏ ရထား၊ မြန်နှုန်းမြင့်ရထားနှင့် မြေအောက်ရထား မော်တော်ယာဉ်များ ထုတ်လုပ်ရေးလုပ်ငန်းများအနက် အကြီးဆုံးဖြစ်သော CRRC Tangshan မှ ထုတ်လုပ်ထားခြင်းဖြစ်သည်။၎င်းရထားက အရည်အသွေးမြင့်မား၍ ပြည်သွားပြည်သူများ၏ မျှော်လင့်ချက်များနှင့် ကိုက်ညီပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကို အသုံးပြုမည့်သူများအတွက် ပိုမိုအဆင့်မြင့် လုံခြုံမှုရှိစေမည်ဖြစ်ကြောင်း ပေါ်တူဂီနိုင်ငံ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာ ဝန်ကြီး Duarte Cordeiro က ပြောကြားခဲ့သည်။

အဆိုပါ ရထားအနေဖြင့် စစ်ဆေးမှုများနှင့် စမ်းသပ်ပြေးဆွဲမှုများစွာ ပြုလုပ်ပြီးနောက် မေလတွင် စတင်ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်သည်။ ရထားများအားလုံးကို စက်တင်ဘာလမတိုင်မီ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သိရသည်။
အလေးချိန်ပေါ့ပါးသော မြေအောက်ရထားတွင် စွမ်းအင်သုံးစွဲမှု လျော့နည်းသည့် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုထားပြီး အမြန်ဆုံး မောင်းနှင်ပြေးဆွဲမှု အမြန်နှုန်းမှာ တစ်နာရီလျှင် ၈၀ ကီလိုမီတာရှိကာ ခရီးသည် ၂၄၄ ဦးကို တင်ဆောင်နိုင်စွမ်းရှိသည်။ပေါ်တူဂီနိုင်ငံသည် တရုတ်နိုင်ငံထုတ် မြေအောက်ရထားများကို ဝယ်ယူသည့် ပထမဆုံး ဥရောပသမဂ္ဂနိုင်ငံ တစ်နိုင်ငံဖြစ်သည်။ (Xinhua)

……………………………………..

China-made metro train delivered to Portugal
The first of the 18-set metro trains made by a Chinese company was delivered to the Porto Metro company of Portugal on Saturday.
The 4-car train is on display in the Trindade Metro Station at the center of Porto from Saturday till Tuesday.
It was made by CRRC Tangshan, one of China’s largest makers of trains, high-speed trains and metro vehicles.
Portuguese Minister of Environment and Climate Action Duarte Cordeiro said that the train meets expectations of the public passengers of top quality, more security to advance more people to use the public transports.
After several trials and tests, the first train will start its service in May. All trains will be delivered by September.
With light weight, the metro train adopts digital technology with low energy consumption. Its maximum speed reaches 80 km/h and has a capacity of 244 passengers.
Portugal is the first European Union country to purchase China-made metro trains.
Xinhua News Agency correspondents reporting from Porto, Portugal.
(XHTV)