Sino-Myanmar
တရုတ်နိုင်ငံကြက်ခြေနီအသင်း မှ မြန်မာနိုင်ငံကြက်ခြေနီအသင်းထံသို့ လက်ငင်းငွေသားကူညီမှု အမေရိကန်ဒေါ်လာ ၁ သိန်း ပေးအပ်
ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံက အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း မိုခါ ကြုံတွေ့ရပြီးနောက် ကယ်ဆယ်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းအား ကူညီပံ့ပိုးပေးရန် တရုတ်နိုင်ငံကြက်ခြေနီအသင်းသည် မေလ ၂၄ ရက်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းထံသို့ လက်ငင်းငွေသားကူညီမှု အမေရိကန်ဒေါ်လာ ၁ သိန်း ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ မေ ၂၄ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောဆိုခွင့်ရပုဂ္ဂိုလ်က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအဖြင့် လတ်တလောတွင် ကြုံတွေ့ခဲ့သည့် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဘေးအန္တရာယ်ကြောင့် ပြင်းထန်စွာဒဏ်ရာရသေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများအား နှစ်သိမ့်အားပေးလိုပါကြောင်း၊ ချစ်ကြည်ရင်းနှီးသည့်အိမ်နီးချင်းနိုင်ငံနှင့် ဆွေမျိုးပေါက်ဖော်ညီအစ်ကိုအနေဖြင့် တရုတ်နိုင်ငံသည် ရှေးဦးစွာ မြန်မာနိုင်ငံထံသို့ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံကြက်ခြေနီအသင်းသည်လည်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းထံသို့ ကူညီမှုများပေးအပ်ခဲ့ပြီး တရုတ်-မြန်မာနှစ်နိုင်ငံ အပြန်အလှန်ဖေးမကူညီ၍ အေးအတူပူအမျှဖြစ်သည့် အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကိုအပြည့်အဝပေါ်လွင်စေကြောင်း၊ နောက်တစ်ဆင့်အနေဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏လိုအပ်ချက်အရ မိမိတတ်နိုင်သမျှ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဆက်လက်ပေးအပ်သွားကာ ဒေသခံပြည်သူများ ယာယီအခက်အခဲများကိုကျော်ဖြတ်၍ ဆောလျင်စွာအိမ်ရာပြန်လည်တည်ဆောက်ရန် ကူညီသွားမည်ဟု ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)