Connect with us

Africa & Middle East

အီရတ်တပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုအတွင်း IS စစ်သွေးကြွအများအပြားသေဆုံး

အီရတ်နိုင်ငံ Anbar ပြည်နယ်အတွင်း အိုင်အက်စ်တို့ အား လေကြောင်းစစ်ဆင်မှုတစ်ခု ပြုလုပ်နေသည်ကိုတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဘဂ္ဂဒတ် ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ အနောက်ပိုင်း Anbar ပြည်နယ်၌ အီရတ်တပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုအတွင်း အိုင်အက်စ်(IS) စစ်သွေးကြွအများအပြား သေဆုံးသွားကြောင်း အီရတ်စစ်တပ်က ဇူလိုင် ၂၂ ရက်တွင် ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံ နှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် အီရတ်နိုင်ငံ အနောက်ပိုင်း Anbar ပြည်နယ်အတွင်းရှိ အိုင်အက်စ်တို့သိမ်းပိုက်ထားသည့် မြို့နှစ်မြို့ကို အီရတ် ဂျက်တိုက်လေယာဉ်များက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အီရတ်ပူးတွဲစစ်ဆင်ရေးဌာနချုပ်(JOC) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထောက်လှန်းရေးသတင်းအချက်အလက်များအရ အီရတ်တပ်ဖွဲ့ဝင်များသည် အိုင်အက်စ်တို့၏ အခြေစိုက်စခန်း ၊ လက်နက်ကြီး ၂ ခု နှင့် လက်နက်တိုက်များ ၊ ကားဗုံးတပ်ဆင်ရေး စက်ရုံ နှင့် အိုင်အက်စ်စစ်သွေးကြွ ဒါဇင်ပေါင်းများစွာကို တိုက်ခိုက်ခြေမှုန်း နိုင်ခဲ့ကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုအချိန်ဇယားအတိအကျကို ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားခြင်း မရှိပါ။ပြီးခဲ့သော ဇူလိုင် ၁ဝ ရက်က အီရတ်နိုင်ငံ ဝန်ကြီးချုပ် Haider al-Abadi က အီရတ်နိုင်ငံ၌ အိုင်အက်စ်တို့သိမ်းပိုက်ထားသည့် မိုဆူးလ်မြို့ကို ၉ လကြာ တိုက်ပွဲများအပြင်းအထန်ဆင်နွှဲခဲ့ပြီးနောက် ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။

ဆီးရီးယားနိုင်ငံအတွင်း ရုရှားတို့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အိုင်အက်စ်ထိပ်တန်းခေါင်းဆောင် Abu Bakr al-Baghdadi သေဆုံးသွားခဲ့ကြောင်း ဇူလိုင်လ ၁၁ ရက်တွင် ဒေသတွင်း မီဒီယာများက ရေးသားဖော်ပြခဲ့သည်။သို့သော် အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး မတ်တစ် က al-Baghdadi အနေဖြင့် အသက်ရှင်နေဆဲဖြစ်သည်ဟု ယုံကြည်ရကြောင်း ဇူလိုင် ၂၁ ရက်တွင်ပြောကြားခဲ့သည်။အီရတ်နိုင်ငံ မြောက်ပိုင်း ရှိ မိုဆူလ်းမြို့ကို အိုင်အက်စ်တို့က ၂ဝ၁၄ ခုနှစ် ဇွန်လ ကတည်းက သိမ်းပိုက်ထားခြင်းဖြစ်သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117