Connect with us

Africa & Middle East

ထိပ်တန်း အစိုးရရှေ့နေဟောင်း တစ်ဦးအား သတ်ဖြတ်မှုဖြင့် တရားခံ ၂၈ဦးကို အီဂျစ်တရားရုံးက သေဒဏ်ချမှတ်

အီဂျစ်နိုင်ငံရှိ တရားရုံးတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကိုင်ရို၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

၂၀၀၅ခုနှစ်တွင် ထိပ်တန်း အစိုးရရှေ့နေဟောင်း တစ်ဦးအား သတ်ဖြတ်မှုဖြင့် တရားခံ ၂၈ဦးကို အီဂျစ်တရားရုံးက ဇူလိုင် ၂၂ ရက်တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း အီဂျစ်နိုင်ငံပိုင် ရုပ်သံလိုင်းက ဖော်ပြခဲ့သည်။

ကိုင်ရိုရာဇဝတ်မှုဆိုင်ရာ တရားရုံးက တရားခံ ၁၅ဦးကို အီဂျစ်နိုင်ငံတွင် ထောင်ဒဏ် ၂၅နှစ် နှင့် ညီမျှသော ထောင်ဒဏ်တစ်သက်တစ်ကျွန်းအဖြစ်လည်းကောင်း၊ ၈ဦးကို ထောင်ဒဏ် ၁၅နှစ် အဖြစ်လည်းကောင်း၊ အခြား ၁၅ဦးကို အလားတူအမှုဖြင့် ထောင်ဒဏ် ၁၀နှစ် အသီးသီးချမှတ်ခဲ့ကြောင်းသိရသည်။တရားခံများသည် ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ အကြမ်းဖက်အဖွဲ့အစည်းဖြင့် ဆက်သွယ်မှု၊ ဖောက်ခွဲရေးပစ္စည်းများ နှင့်လက်နက်များကိုင်ဆောင်မှုတို့ကို ကျူးလွန်ခဲ့ကြောင်း သိရသည်။ (Xinhua)