Connect with us

North America

အမေရိကန် နိုင်ငံ စစ်သင်္ဘော က အီရန် နိုင်ငံ ပိုင် သင်္ဘော ကို သတိပေး ပစ်ခတ်

အမေရိကန် နိုင်ငံ ရေတပ် ၏ စစ်သင်္ဘော တစ်စင်းအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က အမေရိကန် ရေတပ် စစ်သင်္ဘော သည် ဇူလိုင်လ ၂၅ ရက်နေ့၌ ပင်လယ်ကွေ့အတွင်း သွားလာနေစဉ် စစ်သင်္ဘော အနီးသို့ မောင်းနှင်လာသော အီရန် နိုင်ငံ မှ သင်္ဘော တစ်စင်း ကို သတိပေး ပစ်ခတ်မှုများ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

အမေရိကန် တပ်ဖွဲ့ မှ အမည်မဖော်လိုသူ တစ်ဦး ၏ ပြောကြားချက်အရ အမေရိကန် ရေတပ် ၏ Thunderbolt ကင်းလှည့် စစ်င်္သော သည် ပင်လယ်ကွေ့ ကို ဖြတ်သန်းစဉ် ၌ အီရန် နိုင်ငံ မှ သင်္ဘော တစ်စင်း သည် အနီးသို့ မောင်းနှင်လာခဲ့ပြီး သင်္ဘော နှစ်စင်းသည် အကွာအဝေး ၁၄၀ မီတာ ခန့်သာရှိခဲ့ကြောင်း သိရှိရသည်။

အမေရိကန် စစ်သင်္ဘော က အနီးသို့ မောင်းနှင်လာသော အီရန် သင်္ဘော နှင့် အဆက်အသွယ် ရရှိရန် ဆောင်ရွက်ခဲ့သော်လည်း တုံ့ပြန်မှု မရှိသောကြောင့် သတိပေး ပစ်ခတ်မှု ဆောင်ရွက်ခဲ့ကြောင်း ၊ သတိပေး ပစ်ခတ်မှု ဆောင်ရွက်ပြီးနောက်တွင် အီရန် သင်္ဘော က ဆက်လက်၍ အနီးသို့ ရောက်ရှိအောင် မောင်းနှင်ခြင်း မရှိတော့ဘဲ အနီးပတ်ဝန်းကျင် ပင်လယ်ပြင် တွင် ရပ်ဆိုင်းနေခဲ့ကြောင်း အမည်မဖော်လိုသူ က ပြောကြား ခဲ့သည်။

လတ်တလော နှစ်ပိုင်း တွင် အမေရိကန် နိုင်ငံ စစ်သင်္ဘော များ နှင့် အီရန် နိုင်ငံ သင်္ဘော များသည် အနီးကပ် ချဉ်းကပ်မှု မကြာခဏ ဖြစ်ပွား ခဲ့ပြီး အမေရိကန် နိုင်ငံ စစ်သင်္ဘော များဖက်က သတိပေး ပစ်ခတ်မှု များဆောင်ရွက်ခဲ့ပြီး ယခု နှစ် မတ်လ ပိုင်းတွင် ဖြစ်ပွား ခဲ့သည့် ချဉ်းကပ်မှု တွင် အမေရိကန် စစ်သင်္ဘော မှ ခရီးလမ်းကြောင်း ပြောင်းလဲ မောင်းနှင်ခဲ့ရကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117