Connect with us

Media

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အများပြည်သူဖူးမြော်နိုင်ရန် မကြာမီဖွင့်လှစ်မည်

နေပြည်တော်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

နေပြည်တော်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွါးတော်မြတ်ကြီးသည် ဉာဏ်တော်အမြင့် ၆၃ ပေနှင့် ပလ္လင်တော်အမြင့် ၁၈ ပေရှိပြီးကမ္ဘာပေါ်ရှိ ထိုင်တော်မူ စကျင် ကျောက်ဆစ် ဗုဒ္ဓရုပ်ပွါးတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည်ဖြစ်ကာ ၂၀၂၃ ခုနှစ် ဩဂုတ် ၁ ရက်၌ အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန် နိုင်ငံတော်အဆင့်စည်ကားခမ်းနားစွာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။ မာရဝိဇယ ဗုဒ္ဓရုပ်ပွါးတော်မြတ်ကြီး ပရဝဏ်အတွင်း ကျောက်စာရုံစေတီများ၊ ဗုဒ္ဓဥယျာဉ်တော်၊ သာသနာ့ ဗိမာန်တော်၊ သုဓမ္မာဇရပ်များ၊ မော်ကွန်းတိုက်၊ ဂန္ဓကုဋိတိုက်၊ နဂါးရုံဘုရားနှင့် ရေကန်များ၊ ရေပန်းများလည်း ထည့်သွင်းဆောက်လုပ်ထားသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117