Connect with us

Sino-Myanmar

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံ မုန်တိုင်းသင့်ဒေသများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ ထပ်မံပေးပို့လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Chen Hai နှင့်အတူ သက်ဆိုင်ရာ တာဝန်ရှိသူများကို ဇူလိုင် ၂၁ ရက်က မြန်မာ့စက်မှုဆိပ်ကမ်း၌ ပြုလုပ်သည့် တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံ မုန်တိုင်းသင့်ဒေသများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းလွှဲပြောင်းပေးအပ်ပွဲအခမ်းအနား၌ တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံရှိ မိုခါမုန်တိုင်းဒဏ်သင့်ဒေသများအတွက် ဒုတိယအကြိမ် ထပ်မံပေးပို့ လှူဒါန်းသည့် ပြန်လည်ထူထောင်ရေး ပစ္စည်းများအား မြန်မာနိုင်ငံဘက်သို့ ဇူလိုင် ၂၁ ရက်တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Chen Hai နှင့်အတူ သက်ဆိုင်ရာ တာဝန်ရှိသူများသည် ရန်ကုန်မြို့ မြန်မာ့စက်မှုဆိပ်ကမ်း(MIP)၌ ကျင်းပပြုလုပ်သော လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံ မုန်တိုင်းသင့်ဒေသများအတွက် လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများအား ဇူလိုင် ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက “တရုတ်ပြည်သူ့သမ္မတနိုင်ငံက ပထမတစ်ကြိမ် လေယာဉ်နဲ့ ပို့ခဲ့တာ ရှိတယ် ။ အခုက ဒုတိယတစ်ခေါက်ပေါ့။ ပေ ၄၀ ကွန်တိန်နာ ၁၁ လုံး နဲ့ ပေ ၂၀ ကွန်တိန်နာ ၁ လုံး အားလုံး ၁၂ လုံး ရောက်ရှိလာပြီးတော့ ပစ္စည်းတွေ အများကြီး ပါဝင်လာတာပေါ့ ။ ပြန်လည်ထူထောင်ရေးကိစ္စတွေမှာ အထောက်အကူပြုမယ့် ပစ္စည်းများကို လှူဒါန်းတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ သင်္ဘောနဲ့ ရောက်ရှိလာတဲ့ ဒုတိယအကြိမ် လှူဒါန်းပွဲပဲ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

မိုခါမုန်တိုင်းဒဏ်သင့်ဒေသများအတွက် ယခုဒုတိယအကြိမ် ထပ်မံပေးပို့သည့် ပြန်လည်ထူထောင်ရေး ပစ္စည်းများတွင် ခေါက်ဆွဲခြောက် ၊ မီးစက် ၊ ရေစုပ်စက် ၊ မိုးကာတဲ ၊ စောင် ၊ ခြင်ထောင် ၊ ခရီးဆောင်ဆိုလာမီးအိမ် ၊ ကလိုရင်းဒိုင်အောက်ဆိုဒ်ပိုးသတ်ဆေးပြား နှင့် ရေဆူပိုးသတ်ဆေးပြားတို့ အပါအဝင် တန်ချိန် ၁၉၀.၂၄၁ တန် ၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁,၁၇၂,၀၆၈ ရှိကြောင်း သိရသည်။

ဆိုင်ကလုန်းမုန်တိုင်းသင့်ပြည်သူများအတွက် တရုတ်နိုင်ငံအစိုးရမှ ပေးပို့လှူဒါန်းသော ပထမအသုတ် လူသားချင်းစာနာထောက်ထားမှုပစ္စည်းများသည် ဇွန် ၁၂ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117