Connect with us

Economy

မြန်မာဈေးကွက် ဝယ်လိုအားများလာခြင်းကြောင့် Asia flower Mall ဝက်ဘ်ဆိုဒ် ကို တရုတ်ကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံ၌ စတင်ဆောင်ရွက်

ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ Asia Aurora ကုမ္ပဏီလီမီတက်၏ ဆေးဝါးထုတ်ကုန်များ ဈေးကွက်ဝင်ရောက်နိုင်ရေးနှင့် Asia flower Mall ဝက်ဘ်ဆိုဒ်တရားဝင်လွှင့်တင်ပွဲအခမ်းအနား အား ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၃ ရက်ကကျင်းပစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဈေးကွက်၏ ဝယ်လိုအား မြင့်တက်လာမှုကြောင့် တရုတ်ကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံ၌ Asia flower Mall ဝက်ဘ်ဆိုဒ် တစ်ခုကို စတင်ဆောင်ရွက်ခဲ့သည်။
ယင်းဝက်ဘ်ဆိုဒ်မှတဆင့် ကူမင်းမြို့ရှိ Dounan ပန်းဈေးမှ တိုက်ရိုက်တင်သွင်းသည့် တရုတ်ပန်းများကို မြန်မာနိုင်ငံမှ ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ Asia Aurora ကုမ္ပဏီလီမီတက်၏ ဆေးဝါးထုတ်ကုန်များ ဈေးကွက်ဝင်ရောက်နိုင်ရေးနှင့် Asia flower Mall ဝက်ဘ်ဆိုဒ်တရားဝင်လွှင့်တင်ပွဲအခမ်းအနား အား ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၃ ရက်ကကျင်းပစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ Asia Aurora ကုမ္ပဏီလီမီတက်၏ ဆေးဝါးထုတ်ကုန်များ ဈေးကွက်ဝင်ရောက်နိုင်ရေးနှင့် Asia flower Mall ဝက်ဘ်ဆိုဒ်တရားဝင်လွှင့်တင်ပွဲအခမ်းအနား အား ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၃ ရက်ကကျင်းပစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ Asia Aurora ကုမ္ပဏီလီမီတက်၏ ဆေးဝါးထုတ်ကုန်များ ဈေးကွက်ဝင်ရောက်နိုင်ရေးနှင့် Asia flower Mall ဝက်ဘ်ဆိုဒ်တရားဝင်လွှင့်တင်ပွဲအခမ်းအနား အား ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၃ ရက်ကကျင်းပစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ Asia Aurora ကုမ္ပဏီလီမီတက်၏ ဆေးဝါးထုတ်ကုန်များ ဈေးကွက်ဝင်ရောက်နိုင်ရေးနှင့် Asia flower Mall ဝက်ဘ်ဆိုဒ်တရားဝင်လွှင့်တင်ပွဲအခမ်းအနား အား ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၃ ရက်ကကျင်းပစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ Asia Aurora ကုမ္ပဏီလီမီတက်၏ ဆေးဝါးထုတ်ကုန်များ ဈေးကွက်ဝင်ရောက်နိုင်ရေးနှင့် Asia flower Mall ဝက်ဘ်ဆိုဒ်တရားဝင်လွှင့်တင်ပွဲအခမ်းအနား အား ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၃ ရက်ကကျင်းပစဉ် (ဆင်ဟွာ)

“ကျွန်မတို့အနေနဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ မှာ Dounan ပန်းဈေးက ပန်းတွေကို စတင်ရောင်းချခဲ့ပါတယ်။ ၂၀၂၁-၂၀၂၂ ခုနှစ်တွေမှာ ရောင်းချရတဲ့နှုန်းက မြင့်တက်လာခဲ့ပါတယ်။ ကျွန်မတို့အနေနဲ့ ပန်းတွေကို ဝဘ်ဆိုဒ်ကနေမရောင်းချခင်မှာ လူမှုကွန်ယက်ကနေတစ်ဆင့်ရောင်းချခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှစတင်ပြီး အိမ်တွင်းနဲ့အိမ်ပြင် အလှစိုက်အပင် အမျိုးအစား ၃၀၀ ကျော်ကို တရုတ်နိုင်ငံကနေ တရားဝင်တင်သွင်းခဲ့ပါတယ်။ ဝယ်လိုအားတွေမြင့်တက်လာတဲ့ အတွက် ဒီဝက်ဘ်ဆိုဒ်ကို တည်ထောင်ဖြစ်တာပါ’’ ဟု Asia Flower Mall Myanmar ကုမ္ပဏီလီမီတက်မှ ဒါရိုက်တာ ဒေါ်ဖွေးဖွေးသန့်က ဆင်ဟွာ သို့ပြောသည်။

Asia Flower Mall ဝက်ဘ်ဆိုဒ်ကို ဇူလိုင် ၂၃ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် ဆေးနှင့် ပန်းထုတ်ကုန်ပစ္စည်း မိတ်ဆက်ပွဲ အခမ်းအနားတွင် စတင်လွှင့်တင်ခဲ့သည်။

ပန်းမျိုးစုံအပြင် ပန်းနှင့်ဆက်စပ်သည့် ပစ္စည်းများကို ယင်းဝက်ဘ်ဆိုဒ် မှတဆင့် မှာယူနိုင်ကြောင်း သိရသည်။ အဆိုပါ မှာယူထားသည့် ပန်းများကို ကုန်းကြောင်း၊ ရေကြောင်း နှင့် လေကြောင်းမှတဆင့် သယ်ယူသော်လည်း ဖြတ်ပန်းများကိုမူ လေကြောင်းဖြင့်သာ တင်ပို့ကြောင်း ဒေါ်ဖြူဖြူသန့်၏ ပြောကြားချက်အရ သိရသည်။

သစ်ပင်စိုက်မည့်နေရာများအား ရှင်းလင်းခြင်း၊ သစ်ပင်ကြီးများအား ကရိန်းဖြင့် သယ်ယူခြင်းနှင့် ဝယ်သူများ၏ အိမ်တံခါးရှေ့အရောက် ပို့ဆောင်ပေးသောဝန်ဆောင်မှုများပါ ပေးအပ်ထားကြောင်း ဟု ၎င်းကဆိုသည်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဒေသများမှလွဲ၍ မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ် အများစုတွင် ပန်းများကို ဝက်ဘ်ဆိုဒ်မှ တစ်ဆင့် မှာယူနိုင်ကြောင်း မိတ်ဆက်ပွဲတွင် ၎င်းကရှင်းလင်းပြောကြားခဲ့သည်။

ဝက်ဘ်ဆိုဒ်ကို လွှင့်တင်ခြင်းနှင့်အတူ Asia Aurora Co., Ltd ၏ ဆေးဘက်ဆိုင်ရာ ထုတ်ကုန်များကို မြန်မာနိုင်ငံဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်ရန် မိတ်ဆက်ခဲ့သည်။
အာရှ၏ အကြီးဆုံး လတ်ဆတ်သည့် ပန်းရောင်းဝယ်ရေးဈေးကွက်ဖြစ်သည့် Dounan Flower Market သည် နှစ်စဉ် ကုန်သွယ်မှုပမာဏ ၁၁ ဘီလီယံရှိပြီး တရုတ်နိုင်ငံ ပန်းဈေးကွက်များ၏ စွမ်းဆောင်ရည်ကို ယုံကြည်စိတ်ချရသော လက္ခဏာတစ်ခုအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ (Xinhua)