Connect with us

Media

ရပ်ဝန်းနှင့် ပိုးလမ်းမ တည်ဆောက်မှု မြှင့်တင်ရေး ဆက်လက်ဆောင်ရွက်ရန် တရုတ်နှင့် စင်ကာပူ ကတိပြု

စင်ကာပူ၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလားကရစ်ရှန် (Vivian Balakrishnan) နှင့် ဩဂုတ် ၁၀ ရက်က စင်ကာပူ၌ တွေ့ဆုံခဲ့ပြီး ရပ်ဝန်းနှင့် ပိုးလမ်းမ တည်ဆောက်မှု မြှင့်တင်ရေးအတွက် ကတိပြုခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံစဉ် နှစ်ဘက်လုံးက တရုတ်-စင်ကာပူ ဆက်ဆံရေး လက်ရှိခိုင်မာသော ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို ချီးကျူးပြောကြားခဲ့ကြပြီး နှစ်နိုင်ငံ ခေါင်းဆောင်များ၏ ဗျူဟာမြောက် လမ်းညွှန်မှုအရ ၎င်းတို့အနေဖြင့် တရုတ်-စင်ကာပူ ဆက်ဆံရေးကို ဘက်ပေါင်းစုံ အရည်အသွေးမြင့်မားမှုသို့ ရှေးရှုရာ မိတ်ဖက်ဆက်ဆံရေးအဖြစ် အဆင့်မြှင့်တင်မည့် အခွင့်အလမ်းအဖြစ်မှတ်ယူကာ ရပ်ဝန်းနှင့် ပိုးလမ်းမ အရည်အသွေးမြင့် ပူးတွဲတည်ဆောက်ရေးအား တွန်းအားပေးသွားမည်ဖြစ်သည်။

ကွန်ရက်ချိတ်ဆက်မှုနှင့် အပြန်အလှန် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ် အောင်မြင်မှု ရရှိစေရန် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကာ နှစ်နိုင်ငံနှင့် ဒေသတွင်း ပြည်သူများကို ပိုမိုကောင်းမွန်သည့် အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၎င်းတို့နှစ်ဦးသည် ယခုနှစ်တွင် ကျင်းပမည့် ဒုတိယဝန်ကြီးချုပ်အဆင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ယန္တရား အစည်းအဝေးအတွက် ကောင်းမွန်စွာပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ကာ ပူးပေါင်းဆောင်ရွက်မှု နောက်တစ်ဆင့်ကို စီစဉ်ထားပြီး ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်သစ်များ တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………….
(English Version)
China, Singapore promise to keep promoting Belt and Road construction
SINGAPORE, Aug. 11 (Xinhua) — Chinese Foreign Minister Wang Yi, who is also a member of the Political Bureau of the Communist Party of China Central Committee, here on Thursday met with Singaporean Minister for Foreign Affairs Vivian Balakrishnan, with the two sides pledging to keep promoting the Belt and Road construction.
The two sides, during the meeting, spoke highly of the current sound development momentum of China-Singapore relations, saying that in accordance with the strategic guidance of the leaders of the two countries, they will take the opportunity of upgrading China-Singapore relations to an all-round high-quality future-oriented partnership to continue to push forward the high-quality joint construction of the Belt and Road.
Both sides will promote the continuous achievement of connectivity and mutually beneficial cooperation so that it will better benefit the people of the two countries and the region.
The two sides will make sound preparations for the meeting of the bilateral cooperation mechanism at the vice-premier level, which is to be held this year, plan the next stage of cooperation and expand new areas of cooperation.