Connect with us

Media

ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာအုပ်စုတွင် ကျွဲနွားတချို့ ရောဂါအမည်မသိရှိသော သေဆုံးမှုရှိနေ

ရန်ကုန်၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)

ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာအုပ်စုမှာ ကျွဲနွားတချို့ ရောဂါအမည် မသိရှိသော သေဆုံးမှုရှိနေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးအောင်ဇံထွေးက ဆင်ဟွာသို့ ယနေ့ ဩဂုတ် ၁၇ ရက်တွင် အတည်ပြုပြောကြားသည်။

“ကချင်ပြည်နယ် ပူတာအိုမြို့နယ်ဘက်က ကျေးရွာတချို့မှာ ကျွဲနွားတချို့ သေဆုံးတယ်ဆိုပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကျွန်တော်တို့ဆီ တင်ပြလာတာရှိပါတယ်။ အဲဒါကို ကွင်းဆင်းပြီး စစ်ဆေးတဲ့အဖွဲ့ သွားနေပါတယ်။ လိုအပ်ရင်လည်း ကာကွယ်ဆေးတွေထိုးဖို့အတွက်လည်း ညွှန်ကြားထားပါတယ်။ ကွင်းဆင်းစစ်ဆေးမှုတွေက ဒီတစ်ပတ်ထဲမှာမှ သွားတာပါ။ သတင်းကလည်း ဒီတစ်ပတ်ထဲမှာ ရရှိတာဖြစ်ပါတယ်” ဟု ဦးအောင်ဇံထွေးက ပြောသည်။
လက်ရှိတွင် သေဆုံးသော ကျွဲနွားအကောင်ရေ အတိအကျ မသိရှိရသေးကြောင်း ၎င်းကဆိုသည်။

“သေဆုံးတဲ့ အကောင်ရေကတော့ သိပ်မများဘူးထင်ပါတယ်။ ကောင်ရေအတိအကျတော့ မသိသေးပါဘူး။ ကျွဲနွားတွေသေတာက ရောဂါဖြစ်တာကြောင့်ဆိုတာသေချာရင် ကျွန်တော်တို့ က ရောဂါကာကွယ်ဆေးထိုးမှု Standard Operating Procedure (SOP) တွေအတိုင်းပဲ ကာကွယ်ဆေးထိုးခြင်းကို ဆောင်ရွက်မှာပါ။ ရောဂါဖြစ်တဲ့အချိန် ကာကွယ်ဆေးထိုးရတာက ပုံမှန်အခြေအနေမှာ ကာကွယ်ဆေးထိုးတာနဲ့ မတူပါဘူး။ ကွင်းဆင်းဆောင်ရွက်နေကြတဲ့သူတွေက လက်ရှိသေဆုံးမှုကို စစ်ဆေးပြီးတော့မှ SOP အတိုင်းဆက်လက်ဆောင်ရွက်မှာပါ” ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

အဆိုပါ သေဆုံးသည့် ကျွဲနွားများကို မျက်မြင်စစ်ဆေးကြည့်ရှု၍ မည်သည့်ရောဂါဖြစ်ပွားသည်ကိုသိရှိခြင်း မရှိပါက ဓာတ်ခွဲစမ်းသပ်ခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117