Connect with us

China

ရှီအား ဝါရှင်တန်ဒီစီတွင် ကြိုဆိုဧည့်ခံရန် မျှော်လင့်လျက်ရှိဟု ထရမ့် ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် မြို့တော် ပေကျင်းရှိ ကျုံးနန်ဟိုင်တွင် သီးသန့်တွေ့ဆုံဆွေးနွေးနေသည်ကို ၂၀၂၆ ခုနှစ် မေ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် စိတ်ရင်းမှန်ဖြင့် နက်နက်ရှိုင်းရှိုင်း ဆက်ဆံမှုကို ဆက်လက်ထိန်းသိမ်းလိုကြောင်းနှင့် ရှီအား ဝါရှင်တန်ဒီစီတွင် ကြိုဆိုဧည့်ခံရန် လှိုက်လှိုက်လှဲလှဲမျှော်လင့်လျက်ရှိကြောင်း မေ ၁၅ ရက်၌ ပြောကြားခဲ့သည်။
ထရမ့်က ရှီနှင့် ပေကျင်းမြို့ရှိ ကျုံးနန်ဟိုင်တွင် သီးသန့်တွေ့ဆုံဆွေးနွေးစဉ် ထိုသို့မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံသို့ မေ ၁၃ ရက်မှ ၁၅ ရက်အထိ နိုင်ငံတော်ခရီးစဉ် ရောက်ရှိလာသော ထရမ့်နှင့် ရှီတို့ ဆွေးနွေးပွဲကျင်းပပြီး နောက်တစ်နေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ကျုံးနန်ဟိုင်သို့ ၎င်းအားဖိတ်ကြားသည့်အတွက် လွန်စွာကျေးဇူးတင်ရှိကြောင်း ထရမ့်က ပြောကြားခဲ့သည်။ ၎င်း၏ တရုတ်နိုင်ငံခရီးစဉ်မှာ ကမ္ဘာတစ်ဝန်း အာရုံစိုက်မှုကို ခံရသလို အလွန်ပင်အောင်မြင်ကာ မေ့ဖျောက်၍မရနိုင်ကြောင်းလည်း ထရမ့်က ဆိုသည်။ (Xinhua)
……………………………………..
(English Version)
Trump says looking forward to hosting Xi in Washington, D.C.
BEIJING, May 15 (Xinhua) — U.S. President Donald Trump said Friday that he is willing to continue to maintain sincere and in-depth communication with Chinese President Xi Jinping, and warmly looks forward to hosting Xi in Washington, D.C.
He made the remarks during a private meeting at Zhongnanhai in Beijing with Xi. The meeting came a day after Xi held talks with Trump, who is on a state visit to China from May 13 to 15.
Trump said that he is very grateful to Xi for inviting him to visit Zhongnanhai. His China visit has captured the world’s attention and is very successful and unforgettable, he said.
Photo: Chinese President Xi Jinping and U.S. President Donald Trump have a private meeting at Zhongnanhai in Beijing, capital of China, May 15, 2026. (Xinhua/Yan Yan)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117