Connect with us

Myanmar

ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း လက်နက်ကြီးကျည်ကျရောက်ပြီး လူ ၁ ဦးသေ ၄ ဦး ဒဏ်ရာရ

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သော နေရာပြ မြေပုံအားတွေ့ရစဥ် (ဓာတ်ပုံ- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့)

ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့ရှိ နမ့်ဖတ်ကာကျေးရွာအတွင်းသို့ ယနေ့ (သြဂုတ် ၃၀ ရက် ) နံနက် ၁၀ နာရီ ဝန်းကျင်က လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲပြီး လူ တစ်ဦးသေဆုံးကာ ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA )အဖွဲ့က နမ့်ဖတ်ကာကျေးရွာ၏တောင်ဘက် မီတာ ၅၀၀ခန့်အကွာမှ လက်နက်ကြီးများဖြင့် အဆိုပါ ကျေးရွာအတွင်းသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးသေဆုံးကာ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ဦး စုစုပေါင်း ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဒဏ်ရာရရှိသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ကွတ်ခိုင်ပြည်သူ့ဆေးရုံနှင့် နယ်မြေခံဆေးတပ်ရင်းများသို့ ပို့ဆောင်ပေးပြီး ဒဏ်ရာရရှိသူများ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နမ့်ဖတ်ကာကျေးရွာနှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်အား လိုအပ်သည့် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နှင့် မူဆယ်မြို့တို့တွင် သြဂုတ်လ ၂၈ ရက်မှ စပြီး တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ထိတွေ့ မှုများ ဖြစ်ပေါ်နေကြောင်း TNLA ၏ သတင်းပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။ (Xinhua)

 

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117