Connect with us

Culture & Entertainment

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ နံရံဆေးရေးပန်းချီရှိသောဘုရားများကို မှတ်တမ်းတင်စာရင်းကောက်ယူကာ ရှေးမူမပျက်ထိန်းသိမ်းဆောင်ရွက်သွားမည်

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားတစ်ဆူကို ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၅ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ နံရံဆေးရေးပန်းချီရှိသော ပုဂံဘုရား ၄၁၆ ဆူမှ ဆေးရေးပန်းချီများကို မှတ်တမ်းတင် စာရင်းကောက်ယူမှု စတင်နေပြီး ပျက်စီးရသည့် အကြောင်းရင်းကို ရှာဖွေ၍ ရှေးမူမပျက် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအာကာကျော်က ဆင်ဟွာသို့ ဩဂုတ် ၂၉ ရက်တွင် ပြောသည်။
“နံရံဆေးရေးပန်းချီကို နည်းပညာနဲ့ ထိန်းသိမ်းတာရှိတယ်။ ရှေးမူလက်ရာမပျက်ထိန်းသိမ်းတဲ့ဟာရှိတယ်။ ဓါတု​ဗေဒနည်းနဲ့ ထိန်းသိမ်းဆောင်ရွက်တာတွေရှိတယ်။ အဲလိုဆောင်ရွက်ခြင်းအားဖြင့် ရရှိတဲ့အကျိုးကျေးဇူးကတော့ ခေတ်မီနည်းပညာမပျက်ထိန်းသိမ်းနိုင်တဲ့အတွက် နောင်လာနောက်သားတွေ လေ့လာခွင့်ရမယ်။ ရှေးကဆောင်ရွက်ခဲ့တဲ့မြန်မာ့အနုသုခုမလက်ရာတွေ၊ နံရံဆေးရေးပန်းချီတွေကို လေ့လာခွင့်ရတာပေါ့” ဟု ဦးအာကာကျော်ကပြောသည်။

လက်ရှိတွင် စာရင်းကောက်ယူမှုများ ဆောင်ရွက်လျက်ရှိပြီး စာရင်းကောက်ယူပြီးပါက နံရံဆေးရေးပန်းချီများ၏ အခြေအနေကို ဆန်းစစ်ကာ ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဦးအာကာကျော်က “ဌာနအနေနဲ့ အစဉ်အဆက် ရှေးဟောင်းသုတေသနနဲ့ ပတ်သက်တဲ့ ထိန်းသိမ်းတဲ့ ပညာတွေကို ဌာနကနေ နိုင်ငံတကာကိုစေလွှတ်တာတွေလည်းရှိတယ်။ ဌာနကို လာပြီး အကူအညီပေးတာတွေလည်းရှိတယ်” ဟု ပြောသည်။

လက်ရှိတွင် မည်မျှ အတိုင်းအတာအထိ ပျက်စီးနေသည်ကို မသိရှိရသေးကြောင်း ၎င်းကဆိုသည်။
“ပျက်စီးတာကတော့ သဘာဝဘေးနဲ့ လူတွေကြောင့်အပါအဝင် မမျှော်လင့်နိုင်တဲ့အခြေအနေတွေကြောင့် ပျက်စီးတာရှိပါတယ်။ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ပိုပြီး ခေတ်မီနည်းစနစ်နဲ့ ရှေးမူလလက်ရာမပျတ် ထိန်းသိမ်းနိုင်တာပေါ့” ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117