Connect with us

Local

စီးပွားရေး ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ အရှိန် မြှင့်တင် နိုင်ရန် ချေးငွေ သဘောတူညီချက် မြန်မာနိုင်ငံ နှင့် ကမ္ဘာ့ဘဏ်တို့အကြား လက်မှတ် ရေးထိုး

မြန်မာနိုင်ငံ နှင့် ကမ္ဘာ့ ဘဏ်တို့ အကြား ချေးငွေ သဘောတူညီချက် လက်မှတ် ရေးထိုးစဉ်(ဓာတ်ပုံ- World Bank Myanmar )

ရန်ကုန် ၊ သြဂုတ် ၂၀ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတော် အစိုးရနှင့် ကမ္ဘာ့ဘဏ် တို့သည် စီးပွားရေး တည်ငြိမ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ခံနိုင်ရည် ရှိမှု အတွက် ပထမဦးဆုံးအကြိမ် အဖြစ် အမေရိကန်ဒေါ်လာသန်း ၂၀၀ ပမာဏ ရှိ သည့် ဖွံ့ ဖြိုးရေး မူဝါဒ လုပ်ငန်းစဉ် ချေးငွေ သဘောတူညီချက် တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ကြောင်း ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ခဲ့သည်။

ထိုချေးငွေသည် နိုင်ငံတော်၏ ဘတ်ဂျက်သို့ တိုက်ရိုက် ပံ့ပိုးထည့်ဝင်သည့် ချေးငွေအမျိုး အစား ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ပထမဦးဆုံး အကြိမ်ရရှိခြင်းဖြစ်ကာ ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးနှင့် စီးပွားရေး ဖွံ့ ဖြိုးတိုးတက်ရေး အတွက် အဓိကကျသည့် စီးပွားရေးပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ရှေ့မှောက်၌ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ငွေတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နွဲ့နွဲ့ဝင်းနှင့် ကမ္ဘာ့ဘဏ် ၏ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယား နိုင်ငံ နှင့် လာအိုနိုင်ငံ ဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စ အယ်လင်ဂိုးစတိန်းတို့က သဘောတူညီချက်အား သြဂုတ် ၁၈ ရက်တွင် လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

ယခု ချေးငွေသည် ဝင်ငွေနည်းပါး သည့် တိုင်းပြည်များအတွက် ရည်ရွယ် သည့် ကမ္ဘာ့ဘဏ်၏ အပြည်ပြည် ဆိုင်ရာ ဖွံ့ ဖြိုးရေးရန်ပုံငွေက ပေးအပ်သည့် ချေးငွေ ဖြစ်ပြီး ချေးငွေ သက်တမ်းမှာ ၃၈ နှစ် ဖြစ်ကာ၊ ခြောက်နှစ် ဆိုင်းငံ့ ကာလ ရရှိမည် ဖြစ်ပြီး အတိုးမဲ့ ချေးငွေ အမျိုးအစား ဖြစ်ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117