Connect with us

Business

မြန်မာနိုင်ငံက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၅ လကျော်ကာလအတွင်း စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်ရရှိ

ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်နေကြသော ဝန်ထမ်းများကို ၂၀၂၃ ခုနှစ်၊ မေ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ ပထမငါးလကျော်ကာလ (ဧပြီ ၁ ရက်မှ စက်တင်ဘာ ၁၅ ရက်) အတွင်း စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄.၄၆ ဘီလီယံကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စက်တင်ဘာ ၂၈ ရက်၌ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

အဆိုပါပမာဏမှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အလားတူကာလတွင် စက်မှုကုန်ချောတင်ပို့မှုမှ ရရှိခဲ့သော အမေရိကန်ဒေါ်လာ ၅.၅၁ ဘီလီယံကျော်နှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁.၀၄ ဘီလီယံကျော် လျော့ကျသွားခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်အထိ စက်မှုကုန်ချောတင်ပို့မှုသည် ပို့ကုန်တန်ဖိုးအများဆုံး စာရင်း၌ ထိပ်ဆုံးမှ ရပ်တည်နေပြီး ၎င်း၏နောက်တွင် လယ်ယာထွက်ပစ္စည်းနှင့် ရေထွက်ပစ္စည်းတို့ပါဝင်ကြောင်း သိရသည်။

အဆိုပါကာလအတွင်း မြန်မာနိုင်ငံ၏ ပို့ကုန်စုစုပေါင်းတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၇.၀၃ ဘီလီယံကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။
မြန်မာနိုင်ငံသည် လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းနှင့် အခြားပစ္စည်းများကို တင်ပို့လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ပြန်လည်တင်သွင်းလျက်ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117