Connect with us

Media

၁၉ ကြိမ်မြောက် ဟန်ကျိုး အာရှအားကစားပွဲ ပိုက်ကျော်ခြင်း လေးယောက်တွဲပွဲစဉ်တွင် မြန်မာ အမျိုးသားအသင်း ရွှေတံဆိပ်ဆု ဆွတ်ခူး

ဟန်ကျိုး၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

၁၉ ကြိမ်မြောက် ဟန်ကျိုး အာရှအားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်း လေးယောက်တွဲပွဲစဉ် ဗိုလ်လုပွဲများကို အောက်တိုဘာ ၄ ရက်က တရုတ်နိုင်ငံ ကျင်းဟွာအားကစားစင်တာ အားကစားရုံတွင် ကျင်းပခဲ့သည်။ ဟန်ကျိုး အာရှအားကစားပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ဆုကို ပိုက်ကျော်ခြင်း မြန်မာ အမျိုးသားအသင်းက အောင်မြင်စွာ ဆွတ်ခူးနိုင်ခဲ့သည်။ အဆိုပါပွဲစဉ်တွင် အင်ဒိုနီးရှားအသင်းက ဦးစွာ တိုက်စစ်ဆင်ကစားခဲ့ရာ တိုက်စစ်မှူး ရက်စ်တီ၏ ဘက်ကင်ကန်ချက်ဖြင့် အမှတ်များ ဆက်တိုက်ရရှိခဲ့သည်။ သို့သော်လည်း ထိုအရှိန်ကို မြန်မာအသင်းက တားဆီးပြီး လှလှပပ တန်ပြန်ကစားနိုင်ရာ ပထမပွဲစဉ်တွင် ၂၁ -၁၃ ဖြင့် မြန်မာအသင်းက အပြတ်အသတ်အနိုင်ရရှိခဲ့သည်။
ဒုတိယပွဲစဉ်တွင် နှစ်ဖက်အသင်း အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာအသင်းက ၂၄ မှတ်၊ အင်ဒိုနီးရှားအသင်းက ၂၂ မှတ်ရရှိပြီး မြန်မာအသင်းက ၂ ပွဲပြတ် အနိုင်ရရှိခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117