Connect with us

Politics, Law & Military

တရုတ် နိုင်ငံ နှင့် အမေရိကန် နိုင်ငံ တို့မှ ဆိုက်ဘာ ရာဇဝတ်မှု ပူးပေါင်း ဆန့်ကျင်တိုက်ဖျက်ရေး သဘောတူညီမှု ရရှိ

တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် အထူးကိုယ်စားလှယ် မုန့်ကျန့်ကျု မှ စက်တင်ဘာ ၁၁ ရက်နေ့က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ဂယ်ရီ နှင့် ဝါရှင်တန် တွင် တွေ့ဆုံခဲ့စဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် အထူးကိုယ်စားလှယ် ၊ တရုတ် နိုင်ငံတော် ဗဟို နိုင်ငံရေး ဗျူရို အဖွဲ့ဝင် ၊ ဗဟို နိုင်ငံရေး နှင့် ဥပဒေရေးရာ ကော်မတီ အတွင်းရေးမှူး မုန့်ကျန့်ကျု ဦးဆောင်သည့် တရုတ် နိုင်ငံ ရဲ ဌာန ၊ လုံခြုံရေး ၊ တရားရေး ၊ ဆိုက်ဘာနှင့် သတင်းအချက်အလက် စသည့် ဌာန များမှ တာဝန် ရှိသူ များသည် အမေရိကန် နိုင်ငံ သို့ စက်တင်ဘာ ၉ ရက်နေ့ မှ ၁၂ ရက်နေ့ အထိ သွားရောက် လည်ပတ် ခဲ့ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ဂယ်ရီ ၊ အမေရိကန် နယ်မြေ လုံခြုံရေး ဌာန ဝန်ကြီး Johnson ၊ အမေရိကန် သမ္မတ အမျိုးသား လုံခြုံရေး အကြံပေး Susan Rice တို့နှင့် တွေ့ဆုံဆွေးနွေးပြီး ဆိုက်ဘာ ရာဇဝတ်မှု ဆိုင်ရာ ပူးပေါင်း ဆန့်ကျင်တိုက်ဖျက်ရေး ကဏ္ဍများတွင် အရေးကြီးသည့် သဘောတူညီမှု များရရှိခဲ့သည်။

မုန့်ကျန့်ကျု မှ တရုတ်-အမေရိကန် နှစ်နိုင်ငံသည် အင်တာနက် ကွန်ယက် ကြီးမားသော နိုင်ငံ များဖြစ်ကြောင်း ၊ လတ်တလော ကာလ များတွင် ဆိုက်ဘာ ရာဇဝတ်မှု များ မကြာခဏ တွေ့ရှိခဲ့ရပြီး အင်တာနက် လုံခြုံရေး အပေါ် ခြိမ်းခြောက်မှု မှာ တဖြည်းဖြည်း မြင့်တက်လာ သဖြင့် နှစ်နိုင်ငံ မှ ဆိုက်ဘာ လုံခြုံရေး ကဏ္ဍတွင် အပြန်အလှန် ယုံကြည်ပူးပေါင်းဆောင်ရွက်မှု အား ဦးစားပေး ဆောင်ရွက် ခဲ့ကြကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မုန့်ကျန့်ကျု မှ တရုတ် နိုင်ငံ အနေဖြင့် ဆိုက်ဘာ တိုက်ခိုက်ရေး နှင့် ဆိုက်ဘာ သတင်း အချက်အလက် ခိုးယူမှု အပေါ် ဆန့်ကျင် သည့် ရပ်တည်မှု သည် အလွန် ခိုင်မြဲကြောင်း ၊ မည်သူမဆို တရုတ် နိုင်ငံ ပိုင်နက် အတွင်း ဆိုက်ဘာ တိုက်ခိုက်မှု နှင့် ဆိုက်ဘာ သတင်းအချက်အလက် ခိုးယူမှု ကျူးလွန် ပါက နိုင်ငံတော် ဥပဒေ အား ကျူးလွန်ရာ ရောက်သဖြင့် ဥပဒေ ၏ အရေးယူမှု ကို ခံရမည် ဖြစ်ကြောင်း ၊ တရုတ်-အမေရိကန် နှစ်နိုင်ငံ မှ နိုင်ငံတကာ အသိုင်းအဝိုင်း ၏ တူညီသော အကျိုး အတွက် ဆိုက်ဘာ ရာဇဝတ်မှု အား ပူးပေါင်းဆွေးနွေးဆောင်ရွက် သွားမည် ဖြစ်ကြောင်း အထူး ပြောကြား ခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117