Connect with us

Environment, Disasters & Accidents

ဧရာဝတီ မြစ်ရေ ဒုတိယအကြိမ် မြင့်တက်မှုကြောင့် ညောင်ဦးမြို့နှင့် မင်းဘူးမြို့တွင် မြစ်ရေများ ဝင်ရောက်

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ ရေကြီးနေမှုအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ဧရာဝတီ မြစ်ရေ ဒုတိယအကြိမ် မြင့်တက်မှုကြောင့် မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့၌ ရေများ ဝင်ရောက်မှု ရှိသကဲ့သို့ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်တွင် မြို့ပေါ်နေ ရပ်ကွက်များနှင့် ဧရာဝတီ မြစ်ကမ်းအနီးရှိ ကျေးရွာများသို့ မြစ်ရေများ ဝင်ရောက်လျက် ရှိကြောင်း ယနေ့ ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

မင်းဘူးမြို့နယ်တွင် ယနေ့နံနက် တိုင်းထွာချက်အရ စိုးရိမ်ရေအမှတ် ၁၇၀၀ စင်တီမီတာ အထက် ၄ စင်တီမီတာခန့် ကျော်လွန်လျက် ရှိပြီး ညောင်ဦးမြို့တွင် ယနေ့ ညနေ တိုင်းတာချက် အရ စိုးရိမ်ရေအမှတ် ၂၁၂၀ အထက် ၇၉ စင်တီမီတာ ကျော်လွန်ကာ ညောင်ဦးမြို့ မြို့မအထက်တန်းကျောင်းအတွင်းသို့ ရေများဝင်ရောက်လျက် ရှိကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တွင် ဒုတိယအကြိမ် ဧရာဝတီမြစ်ရေ မြင့်တက်မှုသည် ယခင် မြစ်ရေမြင့်တက်မှုထက် ရေအတက်နှုန်း မမြန်သော်လည်း မြို့ပေါ်ရပ်ကွက် မြေနိမ့်ပိုင်း အိမ်များအတွင်း ရေများ ဝင်ရောက်မှု ရှိခဲ့ကြောင်း ၊ ယခုအကြိမ် မြစ်ရေတက်မှုသည် ညောင်ဦး၊ ပုဂံ မြို့ဟောင်းသွား လမ်းမပေါ်အထိ ရေများ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

မင်းဘူးမြို့တွင် အမှတ် (၁) ၊ အမှတ် (၃) နှင့် အမှတ် (၄) ရပ်ကွက်များရှိ အိမ်ထောင်စု (၁၈၁) စု၊ လူဦးရေ (၈၃၄) ဦး တို့သည် မြစ်ရေ ကြီးမှုများကြောင့် ရေဘေး ကင်းလွတ်ရာ စက္ကိ န္တဲဘုရားဝန်း ၊ အ.ထ.က ကျောင်းဝန်း၊ ပုဂံမျှော် ဘုရားဝန်း၊ ရွှေကြီးမြင့် ဘုရားဝန်း၊ မြသိန်းတန် ဘုရားဝန်း၊ ချမ်းသာကြီး ကျောင်းဝန်းနှင့် မှန်ကင်း ကျောင်းတိုက်များ အတွင်း ယာယီတဲများ ထိုး၍ ပြောင်းရွှေ့ နေထိုင်လျက် ရှိကြကြောင်း သိရသည်။

မင်းဘူးမြို့ မြို့ပေါ် ရပ်ကွက်(၃) ရပ်ကွက်နှင့် ကျေးရွာ (၁၀) ရွာရှိ အိမ်ထောင်စု (၆၂၇) စု၊ လူဦးရေ (၂၃၁၁) ဦး တို့သည် ဧရာဝတီမြစ် ရေကြီးမှု များကြောင့် ရေဘေး ကင်းလွတ်ရာသို့ ယာယီ ပြောင်းရွှေ့ နေထိုင်လျက်ရှိရာ ရပ်ကွက်/ကျေးရွာများ အလိုက် ရေကင်းများ နေ့/ည တာဝန် ချထား ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117