Connect with us

Media

ဆင်မကြီး မိုမို၏ နှစ် ၇၀ ပြည့် မွေးနေ့ပွဲ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) တွင် ပြုလုပ်

ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

ပြည်သူ့အချစ်တော် ဆင်မကြီး မိုမို၏ နှစ် ၇၀ ပြည့် အထိမ်းအမှတ်မွေးနေ့ပွဲကို အောက်တိုဘာ ၂၉ ရက်က တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) တွင် ကျင်းပခဲ့သည်။

“ပျော်ရွှင်ဆင်နွှဲ မိုမို့မွေးနေ့ပွဲ” အဖြစ် ဆင်မကြီးမိုမိုအတွက် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ရှိ ဆင်အပေါင်းအပါများနဲ့အတူ သစ်သီးကိတ်ခွဲခြင်းနှင့်အတူ အခြားသော ပျော်ရွှင်ဖွယ်ရာ အစီအစဉ်များ ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။

ဆင်မကြီးမိုမို၏ နှစ် ၇၀ ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲတွင် မိုမိုကို ချစ်ခင်ကြတဲ့ ကလေးငယ်များအပါအဝင် ပြည်သူများ လာရောက်ခဲ့ကြပြီး မွေးနေ့သီချင်း သီဆိုဆင်နွှဲခဲ့ကြသည်။ ၁၉၅၃ ခုနှစ်က တောထဲတစ်နေရာတွင် အဖော်မပါဘဲ အထီးကျန်ကာ သွားလာနေသည့် ဆင်မလေးတစ်ကောင်ကို ကယားပြည်နယ် လွိုင်ကော်မြို့နေ သစ်လုပ်ငန်းလုပ်ကိုင်သူ ဦးခွန်ဆန္ဒနှင့် မိသားစုက တွေ့ရှိခဲ့ပြီး ထိုဆင်မလေးကို နေအိမ်သို့ ခေါ်ဆောင်လာခဲ့ပြီးနောက် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) သို့ ပို့ဆောင်လှူဒါန်းခဲ့သည်။ အဆိုပါ ဆင်မလေးကို မိုမိုဟု အမည်ပေးခဲ့ပြီး ယခုအခါ အသက် ၇၀ နှစ်ပြည့်မွေးနေ့ပွဲကို ပျော်ရွှင်စွာ ဖြတ်သန်းလျက်ရှိနေပြီ ဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117