Connect with us

Media

တရုတ်နိုင်ငံ ICBC ရန်ကုန်ဘဏ်ခွဲ၏ နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်းကြား ငွေပေးချေမှုစနစ် တိုက်ရိုက်အဖွဲ့ဝင်ဘဏ်အဖြစ် လုပ်ငန်းစတင်

ရန်ကုန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ The Industrial and Commercial Bank of China (ICBC) ရန်ကုန်ဘဏ်ခွဲ၏ နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်းကြား ငွေပေးချေမှုစနစ် (Cross-border Interbank Payment System -CIPS) တိုက်ရိုက်အဖွဲ့ဝင်ဘဏ်အဖြစ် လုပ်ငန်းစတင်ခြင်း အခမ်းအနားကို နိုဝင်ဘာ ၁ ရက်က ICBC ရန်ကုန်ဘဏ်ခွဲ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက “ICBC ရန်ကုန်ဘဏ်ခွဲက မြန်မာနိုင်ငံမှာ ပထမဦးဆုံး CIPS System ရဲ့ တိုက်ရိုက်အဖွဲ့ဝင်ဘဏ်အဖြစ် ဆောင်ရွက်ခွင့်ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ CBM NET System ကို ချိတ်ဆက်တဲ့အတွက် ပြည်တွင်းဘဏ်တွေအနေနဲ့ CIPS System နဲ့ ဆက်သွယ်ပြီး နယ်စပ်ဖြတ်ကျော် ယွမ်ငွေပေးချေမှုစနစ် လုပ်ငန်းစဉ်မှာ Indirect Participant များအနေနဲ့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်” ဟုပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်ဟိုင်က “ ICBC ရန်ကုန်ဘဏ်ခွဲ အနေနဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမ မဟာဗျူဟာ အကောင်အထည်ဖော်နိုင်ဖို့အတွက် တရုတ်ယွမ်ငွေကို အသုံးပြုပြီး တရုတ်-မြန်မာ ကုန်သွယ်ရေးမှာ စာရင်းရှင်းလင်းခြင်းလုပ်ငန်း ပိုမိုတိုးတက်လာအောင် ဆောင်ရွက်တာနဲ့ပတ်သက်ပြီး အထူးအသိအမှတ်ပြုပါတယ်။
ထို့နောက် ICBC (ရုံးချုပ်) မှ Ms. Liu Rui က “ICBC ရန်ကုန်ဘဏ်ခွဲအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းများနဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းများကို နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်းကြား ငွေပေးချေမှုစနစ်တို့ကို ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ အားပေးကူညီသွားမှာပါ” ဟု ပြောကြားခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.