Connect with us

Videos

ဆန်ဈေးနှုန်းတည်ငြိမ်ရေး နှင့် ဆန်တင်ပို့ကုန် တိုးမြှင့်နိုင်ရေး ရည်ရွယ်ကာ မြန်မာ့ဆန်စပါး အွန်လိုင်းကို မိတ်ဆက်

ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

ပြည်တွင်းမှာရှိသည့် သိုလှောင်ရုံများ လွယ်ကူလျင်မြန်စွာ စိစစ်မှတ်ပုံတင်နိုင်ရေး၊ ပို့ကုန်လုပ်ငန်းရှင် မှတ်ပုံတင်ခြင်း လုပ်ငန်း နှင့် ဆန်စက် မှတ်ပုံတင်ခြင်း စသည့် လုပ်ငန်းများကို Digital Platform ဖြင့် ဆောင်ရွက်မည့် မြန်မာ့ဆန်စပါး အွန်လိုင်း (Myanmar Rice Online-MyRO (မိုင်ရို) မိတ်ဆက်ခြင်း အခမ်းအနားကို နိုဝင်ဘာ ၃ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည်။MyRO စနစ်တွင် ဆန်စပါးသိုလှောင်မှုများကို မှတ်ပုံတင်ခြင်း ဆောင်ရွက်ခြင်းဖြင့် ဆန်စပါးကဏ္ဍ (Supply Chain) တစ်ခုလုံး၌ ပါဝင်ဆောင်ရွက်နေသည့် တောင်သူလယ်သမားများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်စပါး ကုန်သွယ်မှုဆောင်ရွက်သည့် လုပ်ငန်းရှင်များသာမက စားသုံးသူပြည်သူများအတွက်ပါ ဆန်ဈေးနှုန်း တည်ငြိမ်စေရေးကို အထောက်အကူပြုစေရန်နှင့် ဆန်စပါးကဏ္ဍ အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက်စေရေး၊ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေးတို့အတွက် ရည်ရွယ်ချက်ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

“MyRO မှာ တောင်သူလယ်သမားများ၊ ကုန်သည်၊ စက်ပိုင်လုပ်ငန်းရှင်များ၊ ပြည်တွင်း ပြည်ပ ဝယ်ယူရောင်းသူများ၊ ကျွမ်းကျင်ပညာရှင်များ၊ သုတေသီများ၊ စားသုံးသူများ အပါအဝင် ဆန်စပါးလုပ်ငန်းနဲ့ဆက်သွယ်သည့် Stakeholder များအနေနဲ့ တစ်နေရာတည်းမှာဆန်စပါး ကဏ္ဍနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ ဝန်ဆောင်မှုများ၊ မှတ်ပုံတင်သည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်မယ်” ဟု ဒုတိယဝန်ကြီးချုပ် နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အဆိုပါ MyRO မိတ်ဆက်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။ အဆိုပါ MyRO စနစ်နှင့် ချိတ်ဆက်ပြီး သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အသုံးပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် တောင်သူလယ်သမားများသည် စပါးများကို ရောင်းလိုသည့် အချိန်ကာလ၊ ရောင်းလိုသည့် ဈေးနှုန်းအတိုင်း ရောင်းချသွားနိုင်မည်ဖြစ်သည့် အတွက် တောင်သူလယ်သမားများကို အဓိက ပံ့ပိုးကူညီသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117