Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ အရှိန်ရအားကောင်းလာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Hotan ပြည်နယ်ခွဲ၊ Lop ခရိုင်ရှိ နေရောင်ခြည်စွမ်းအင်သုံးဆိုလာပြားများကို ၂၀၂၃ ခုနှစ် မေ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Pamir ကုန်းပြင်မြင့်သို့ သွယ်တန်းထားသော တောင်တန်းများရှိ လမ်းမတစ်လျှောက် ပင်လယ်ရေမျက်နှာပြင်အထက် လေထု ပိုမိုပေါ့ပါးလာလေ နေရောင်ခြည် ပိုမိုနွေးထွေးလာလေဖြစ်သည်။Karakoram တောင်တန်းခြေရင်းရှိ မြေပြင်တွင် အပြာရောင်ပြေးနေသော အမည်းရောင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများက နေရောင်ခြည်မှ စွမ်းအင်များ စုပ်ယူလျက် ကုန်းပြင်မြင့်ပေါ်တွင် အစီအရီတည်ရှိနေသည်။ ယင်းနေရာသည် ရှင်းကျန်းရှိ Kashgar ဒေသ၊ Tashkurgan Tajik ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် အရှေ့တောင်ဘက် ၂၅ ကီလိုမီတာခန့်အကွာတွင် တည်ရှိပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေး နေရောင်ခြည်စွမ်းအင်စက်ရုံတစ်ခု ဖြစ်သည်။
“ဒီနေရာက ပင်လယ်ရေမျက်နှာပြင်အထက် မြင့်မားတာရယ်၊ နေအလင်းရောင်အရင်းအမြစ် အကျိုးကျေးဇူးတွေနဲ့ နေရောင်ခြည်စွမ်းအင်ထုတ်လုပ်မှု တိုးတက်ရေးအတွက် အလွန်ပဲသင့်တော်ပါတယ်” ဟု ၎င်းစွမ်းအင်စက်ရုံ အင်ဂျင်နီယာ Yan Yuzhi က ပြောခဲ့သည်။

အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး စက်ရုံသည် အကျယ်အဝန်း mu ၆၃၅ (၄၂ ဟက်တာခန့်) ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၃,၃၀၀ ခန့်တွင် တည်ရှိကာ ယင်းစက်ရုံတွင် နေရာင်ခြည်စွမ်းအင် မော်ဂျူး ၇၇,၇၆၀ ခု တပ်ဆင်ထားကြောင်း သိရသည်။

ထိုစက်ရုံမှ နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ သန်း ၄၀ ခန့် ထုတ်လုပ်လျက်ရှိပြီး ၃၀ ကီလိုမီတာရှည်လျားသော လျှပ်စစ်ဓာတ်အား ပို့လွှတ်မှုလမ်းကြောင်းတစ်လျှောက် ခရိုင်များရှိ ဒေသခံများအတွက် သန့်စင်စွမ်းအင်များ ပံ့ပိုးပေးနိုင်ရန် ပေးပို့လျက်ရှိသည်။

ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် လက်ရှိ လျှပ်စစ်ဓာတ်အားပေးဈေးနှုန်းများအရ နေရောင်ခြည်စွမ်းအင်ထုတ်လုပ်ရေး စက်ရုံ၏ နှစ်စဉ် အကျိုးအမြတ်နှင့် အခွန်ငွေမှာ ယွမ် ၁၀ သန်းနီးပါး (အမေရိကန်ဒေါ်လာ ၁.၃၈ သန်းခန့်) ရှိပြီး ခရိုင်အတွက် အကျိုးအမြတ်ခွဲဝေပေးမှုမှာ ယွမ် ၇၆ သန်း အထိ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117