Connect with us

Sino-Myanmar

တရုတ်-မြန်မာ လယ်ယာစက်မှုလက်မှုနည်းပညာနှင့် အပလီကေးရှင်းများ မျှဝေခြင်း၊ နည်းပညာဖလှယ်ခြင်းများဆွေးနွေး

ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနတို့မှ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံစိုက်ပျိုးရေးတက္ကသိုလ်တွင် တရုတ်-မြန်မာ လယ်ယာစက်မှုလက်မှုနည်းပညာနှင့် အပလီကေးရှင်းများ မျှဝေခြင်း၊ နည်းပညာဖလှယ်ခြင်းများ ဆွေးနွေး ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲတွင် တရုတ်နိုင်ငံ စိုက်ပျိုးရေးတက္ကသိုလ်၊ မြန်မာနိုင်ငံစိုက်ပျိုးရေးဌာနတို့မှ တာဝန်ရသူများ၊ စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခများနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသူကျောင်းသားများက စိုက်ပျိုးရေးဆိုင်ရာ အသိပညာဗဟုသုတများ၊ နည်းပညာဖလှယ်မှုများအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါပွဲကို တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား စမတ်ကျသော စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများ ပိုမိုဆောင်ရွက်နိုင်ရန် နိုဝင်ဘာ ၃၀ ရက်နှင့် ဒီဇင်ဘာ ၁ ရက်တို့တွင် နှစ်ရက်ဆက်တိုက် ကျွမ်းကျင်သူများ၊ နည်းပညာရှင်များက တရုတ်နိုင်ငံ၏ အဆင့်မြင့်ဆန်ထုတ်လုပ်မှုစက်မှု နည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့် အပြန်အလှန် ဖလှယ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117