Connect with us

Culture & Entertainment

ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ၁၁၈ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

ရန်ကုန် တိရစ္ဆာဥယျာဉ်ရှိ တိရစ္ဆာန်လေးများကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ သက်တမ်းအကြာဆုံး တိရစ္ဆာန်ဥယျာဉ်ဖြစ်သော ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ ၁၁၈ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ယနေ့ ဇန်နဝါရီ ၂၅ ရက်တွင် စတင်ကျင်းပခဲ့သည်။

ရန်ကုန် တိရစ္ဆာဥယျာဉ်ရှိ တိရစ္ဆာန်လေးများကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် တိရစ္ဆာဥယျာဉ်ရှိ တိရစ္ဆာန်လေးများကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် တိရစ္ဆာဥယျာဉ်ရှိ တိရစ္ဆာန်လေးများကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ၁၉၀၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ၁၁၈ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ အုပ်ချုပ်ရေးမှူး၊ ဦးသန်းမြင့်ထွန်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

အဆိုပါ ၁၁၈ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဇန်နဝါရီ ၂၅ ရက်မှ ၂၈ ရက်အထိ လေးရက်ကြာ ကျင်းပမည်ဖြစ်ပြီး တောရိုင်းတိရစ္ဆာန်များအကြောင်း အသိပညာမျှဝေသည့် ပြခန်းများ၊ တေးဂီတဖျော်ဖြေမှု၊ အကအဖွဲ့များ၏ ဖျော်ဖြေမှု၊ ကလေးများအတွက် ဂိမ်းကစားပွဲများ၊ မျက်လှည့်များနှင့် ဈေးပွဲတော်များ စသည့် အစီအစဉ်များ ပါဝင်ပါသည်။

ရန်ကုန် တိရစ္ဆာဥယျာဉ်ရှိ တိရစ္ဆာန်လေးများကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် တိရစ္ဆာဥယျာဉ်ရှိ တိရစ္ဆာန်လေးများကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် တိရစ္ဆာဥယျာဉ်ရှိ တိရစ္ဆာန်လေးများကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် တိရစ္ဆာဥယျာဉ်ရှိ တိရစ္ဆာန်လေးများကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် တိရစ္ဆာဥယျာဉ်ရှိ တိရစ္ဆာန်လေးများကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“တိရစ္ဆာန်ဥယျာဉ်ဆိုတာ လူတွေအနားယူအပန်းဖြေစရာ နေရာတစ်ခုဖြစ်သလို တောရိုင်းတိရစ္ဆာန်လေးတွေရဲ့ အကြောင်းကိုလည်း အသိပညာဗဟုသုတတွေ ရရှိနိုင်ပါတယ်။ လာရောက်လည်ပတ်သူတွေက တိရစ္ဆာန်လေးတွေရဲ့ အလေ့အထ အပြုအမူတွေကိုလည်း မြင်တွေ့နိုင်ပါတယ်။ ကျောင်းသားတွေကတော့ ရုက္ခဗေဒနဲ့ သတ္တဗေဒပညာရပ်တွေကို လေ့လာနိုင်ပါတယ်။ မျိုးသုဉ်းလုနီးပါးမျိုးစိတ်တွေကို ထိန်းသိမ်းစောင့်ရှောက်မွေးမြူတဲ့ လုပ်ငန်းစဉ်တွေကိုလည်း ဆောင်ရွက်နေပါတယ်” ဟု ဦးသန်းမြင့်ထွန်းက ပြောသည်။

“တိရစ္ဆာန်ရုံ နှစ်ပတ်လည်နေ့အကြောင်း ကြားတဲ့အခါ ကျောင်းသားတွေနဲ့ အတူ တိရစ္ဆာန်ရုံကို ကျွန်မတို့ လာခဲ့တာပါ။ ကျွန်မအနေနဲ့ တိရစ္ဆာန်တွေရဲ့ အမူအကျင့်နဲ့ နေထိုင်ရာတွေကို လေ့လာဖို့ ကျောင်းသားတွေကို တစ်နှစ်တစ်ကြိမ် တိရစ္ဆာန်ရုံကို ပို့ပေးပါတယ်” ဟု ပညာတံခွန် ပုဂ္ဂလိကကျောင်းမှ ဆရာမ ဒေါ်ဇာခြည်သိန်းက ဆင်ဟွာသို့ ပြောသည်။

လက်ရှိ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်တွင် နို့တိုက်သတ္တဝါမျိုးစိတ် ၄၅ မျိုး၊ ငှက်မျိုးစိတ် ၇၂ မျိုးနှင့် တွားသွားသတ္တဝါမျိုးစိတ် ၁၉ မျိုးတို့ရှိပြီး တိရစ္ဆာန်မျိုးစိတ်ပေါင်း ၁၃၆ မျိုးနှင့် တိရစ္ဆာန်ပေါင်း ၂,၀၀၀ ကျော်တို့ကို ထိန်းသိမ်းထားရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.