Connect with us

Education & Health

၂၀၂၃-၂၄ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၁၂၀,၀၀၀ ကျော်ရှိ

၂၀၂၃-၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ)

၂၀၂၃-၂၄ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူ ၁၂၀,၀၀၀ ကျော်ရှိကြောင်း ယနေ့ (မတ် ၁၁ရက်) နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။

၂၀၂၃-၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူများအား တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၂၈၈၀၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး

ရာခိုင်နှိုင်းအားဖြင့် ၈၇.၉ ရာခိုင်နှုန်း ဖြေဆိုလျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာစစ်ဌာန ၇၉၄ဌာနရှိပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်း စာမေးပွဲစစ်ဆေးရေးဌာန ၄၇ ခုရှိကာ ဖြေဆိုသူ ကျောင်းသားကျောင်းသူ  ၈၄၂၈ ဦးရှိကြောင်း သိရသည်။

ယခုနှစ် စာမေးပွဲဖြေဆိုသည့် ကျောင်းသား စုစုပေါင်း ဦးရေသည် ၂၀၂၂-၂၃ ပညာသင်နှစ် နောက်ဆုံးနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် ကျောင်းသား ၁၆၁,၈၅၁ ဦးနှင့် နှိုင်းယှဉ်ပါက ကျဆင်းသွားကြောင်း တရားဝင် အချက်အလက်များအရ သိရသည်။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်မှ ၁၉ ရက်အထိ ကျင်းပမည်ဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117