Connect with us

Culture & Entertainment

တရုတ်နိုင်ငံ တောင်ပိုင်းတွင် ရှေးဟောင်း ဗုဒ္ဓ ရုပ်ပွားတော် ပြတိုက် ဖွင့်လှစ်မည်

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုးပေ ပြည်နယ်၌ တူးဖော်ရရှိသော ဗုဒ္ဓ ရုပ်ပွားတော် တစ်ဆူ (ဆင်ဟွာ)

ရှီကြားကျွမ်း၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

နှစ်ပေါင်း ၁၅၀၀ သက်တမ်းရှိသော ဗုဒ္ဓ ရုပ်ပွားတော်များကို ပြသထားသည့် ပြတိုက်တစ်ခုကို တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေး ပြည်နယ်၌ အောက်တိုဘာလ အစောပိုင်းတွင် ဖွင့်လှစ် သွားမည် ဖြစ်သည်။

လင်ကျန်း စီရင်စု အတွင်းရှိ အဆိုပါ ပြတိုက်၌ ပြခန်းပေါင်း သုံးခန်းပါဝင်မည် ဖြစ်ပြီး ပြခန်းများ အတွင်း ရှေးဟောင်း ဗုဒ္ဓ ရုပ်ပွားတော်များ နှင့် ရုပ်ပွားတော် အပိုင်းအစများ အပါအဝင် စုစုပေါင်း အခု ၂၀၀ ကို ပြသထားမည် ဖြစ်သည်။

၂၀၁၂ ခုနှစ် အစောပိုင်း၌ ယခု ခေတ်တွင် လင်ကျန်းဟု ခေါ်ဆိုကြသည့် နှစ်ပေါင်း ၂၅၀၀ ကျော် သက်တမ်းရှိပြီ ဖြစ်သော ရီချန်မြို့မှ တူးဖော် ရရှိခဲ့သည့် ဗုဒ္ဓ ရုပ်ပွားတော်များနှင့် ရှေးဟောင်း ရုပ်ပွားတော် အပိုင်းအစ စုစုပေါင်း ၃,၀၀၀ နီးပါး အနက်မှ သက်တမ်း နှစ်ပေါင်း ၁၅၀၀ ရှိသော ရုပ်ပွားတော်များအား အဆိုပါ ပြတိုက်အတွင်းတွင် ပြသခြင်းဖြစ်သည်။

ရုပ်ပွားတော်များကို အဖြူရောင် စကျင်ကျောက်နှင့် အပြာရောင် ကျောက်ဖြင့် ပြုလုပ်ထားပြီး အများစုမှာ မြောက်ပိုင်း မင်းဆက်များခေတ် (အေဒီ ၃၈၆-၅၈၁) မှ အရှေ့ပိုင်း ဝေမင်းဆက်နှင့် မြောက်ပိုင်း ချီမင်းဆက် (အေဒီ ၅၃၄-၅၇၇) အတွင်းမှ ဖြစ်ပြီး အဆိုပါ ရှာဖွေမှုတွေ့ရှိမှုသည် အရည်အသွေး အရရော၊ အရေအတွက် အရပါ ရှားပါးသည့် တွေ့ရှိမှု ဖြစ်သည်။

ရီချန်မြို့သည် (ဘီစီ ၇၇၀ – ဘီစီ ၄၄၀ ) တွင် တည်ဆောက်ခဲ့သည့် မြို့ဖြစ်သည်။ အရှေ့ပိုင်း ဝေနှင့် မြောက်ပိုင်း ချီ မင်းဆက်များတွင် ရီချန် မြို့တော် အဖြစ်တည် ရှိခဲ့စဉ်က ဗုဒ္ဓ ဘာသာသည် အလွန် ကျော်ကြားခဲ့ပြီး မြောက်ပိုင်း ချီမင်းဆက်တွင် တော်ဝင် မိသားစုက ဗုဒ္ဓကို အလေးအမြတ်ထား ကိုးကွယ်ကြသောကြောင့် ချီမင်းဆက်တွင် ပိုမို ကျော်ကြားခဲ့သည်။

မြောက်ပိုင်း ချီမင်းဆက်၌ တစ်နိုင်ငံလုံး ဘုရားကျောင်းပေါင်း ၃၀,၀၀၀ ကျော်၊ ဘုန်းတော်ကြီးနှင့် မယ်သီလရှင် အပါးပေါင်း နှစ်သန်းကျော် ရှိခဲ့ရာ ဘုရားကျောင်းပေါင်း ၄,၀၀၀၊ ဘုန်းတော်ကြီးနှင့်မယ်သီလရှင် အပါးပေါင်း ၈၀,၀၀၀ ခန့်မှာ ရီချန်မြို့မှ ဖြစ်သည်။ (XinHua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117