Connect with us

Economy

တရုတ်နိုင်ငံ၏ အိမ်ခြံမြေဈေးကွက် ဆက်လက် တည်ငြိမ်နေမည်ဟု တာဝန်ရှိသူများ မျှော်မှန်း

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ပြုလုပ်သော တရုတ် ကွန်မြူနစ်ပါတီ (CPC) ၏ ၁၉ ကြိမ်မြောက် အမျိုးသား ညီလာခံ သတင်းစာရှင်းလင်းပွဲအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက်က ယခုနှစ် စတုတ္ထလေးပတ်တာကာလအတွင်း ဆက်လက် တည်ငြိမ်နေမည်ဟု မျှော်မှန်းထားကြောင်း အဆင့်မြင့် အရာရှိ တစ်ဦးက ယနေ့ (အောက်တိုဘာလ ၂၂ ရက်) တွင် ပြောကြားလိုက်သည်။

အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်မှာ ဖြည်းဖြည်းမှန်းမှန်ဖြင့် ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်းနှင့် ဈေးနှုန်း မှာလည်း တည်ငြိမ်နေမည် ဖြစ်ကြောင်း အိမ်ရာနှင့် မြို့ပြ-ကျေးလက် ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး Wang Menghui က ၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ အမျိုးသား ညီလာခံဆိုင်ရာ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။အစိုးရအနေဖြင့် အိမ်ခြံမြေ ဈေးကွက် စည်းမျဉ်းစည်းကမ်း ရည်မှန်းချက်များအောင်မြင်ရေး အားထုတ် ကြိုးပမ်းမှုများအား ယိမ်းယိုင်သွားမည် မဟုတ်ဘဲ ဆက်လက် ထိန်းသိမ်းကာ မူဝါဒများ တည်ငြိမ်ရေး ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း Wang က ဆိုသည်။ (Xinhua

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117