Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အမေရိကန် အစိုးရ အဖွဲ့နှင့် အမေရိကန် ချစ်ကြည်ရေး အသင်းတို့ ပူးတွဲ ကျင်းပသည့် ကြိုဆိုပွဲ ကို တက်ရောက်၍ မိန့်ခွန်း ပြောကြား


စီယက်တယ် ၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် စက်တင်ဘာ ၂၂ ရက်နေ့တွင် အမေရိကန် နိုင်ငံ ဝါရှင်တန် ပြည်နယ် စီယက်တယ် မြို့တွင် ဝါရှင်တန် ပြည်နယ် အစိုးအရ အဖွဲ့ နှင့် အမေရိကန် ချစ်ကြည်ရေး အသင်းတို့ မှ ပူးတွဲ ကျင်းပ သည့် ကြိုဆိုပွဲ ကိုတက်ရောက် ခဲ့ပြီး မိန့်ခွန်းပြောကြား ခဲ့သည်။

မိန့်ခွန်း ပြောကြားရာတွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်မှ တရုတ် နိုင်ငံ အနေဖြင့် သာယာဝပြောတဲ့ ဘက်စုံ လူ့ဘောင်အဖွဲ့အစည်း တည်ဆောက်ရေး ၊ ဘက်စုံ နက်ရှိုင်းစွာ ပြုပြင်ပြောင်းလုပ်ရေး ၊ ဘက်စုံ တရားဥပဒေ အုပ်ချုပ်ရေး ၊ ဘက်စုံ ပါတီ မဟာဗျူဟာ ခင်းကျင်းမှု အုပ်ချုပ်ရေး ၊ စီးပွားရေး မြန်ဆန်စွာ တိုးတက်မှု ထိန်းသိမ်း ထားနိုင်ရေး တို့ကို ခိုင်မြဲစွာ လုပ်ဆောင်နေကြောင်း ၊ တရုတ် နိုင်ငံသည် ငြိမ်ချမ်းရေး မူဝါဒ လမ်းစဉ် ကို လျှောက်လှမ်းပြီး နိုင်ငံ တကာ အတိုင်းအဝိုင်းနှင့် ပူးပေါင်း၍ အပြန်အလှန် အကျိုး ဖြစ်ထွန်းစေသည့် နိုင်ငံ တကာ ဆက်ဆံရေး ပုံစံ သစ်ကို တည်ဆောက် နေကြောင်း ၊ တရုတ်-အမေရိကန် နှစ်နိုင်ငံ အနေဖြင့် အင်အားကြီး နိုင်ငံ ဆက်ဆံရေး ပုံစံသစ် တည်ဆောက်သွားမည် ဖြစ်ပြီး အတူတကွ ပိုမို ကောင်းမွန်သော အနာဂတ် တည်ဆောက်၍ နှစ်နိုင်ငံ ပြည်သူ လူထုမှ အကျိုးအမြတ် ခံစား ရရှိရန် နှင့် ကမ္ဘာ့ နိုင်ငံ ပြည်သူလူသူထု အားလုံးအတွက် အကျိုးရှိစေမည့် ဆောင်ရွက်မှု များကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အမေရိကန် နိုင်ငံ အစိုးရ အဖွဲ့နှင့် အမေရိကန် ချစ်ကြည်ရေး အသင်းတို့ ပူးတွဲ ကျင်းပ သည့် ကြိုဆိုပွဲ ကိုတက်ရောက်၍ မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

ရှီကျင့်ဖိန်မှ တရုတ် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် တည်ငြိမ်ပြီး မြန်ဆန်စွာ တိုးတက်နေပြီး ယခု နှစ် နှစ်ဝက်တွင် တရုတ် နိုင်ငံ စီးပွားရေးသည် ၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှု သည် အခြေခံအားဖြင့် ပြုပြင် ပြောင်းလဲရေး လမ်းစဉ်ကို ဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ပြည်ပမှ ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံသူ များ၏ ဥပဒေ ရပိုင်ခွင့်များကို ကာကွယ်သွားပြီး ပွင့်လင်းမြင်သာမှု ရှိသည့် ဥပဒေကို ကြိုးစား ဆောင်ရွက်ကာ တန်းတူညီမျှမှု ရှိသည့် ဈေးကွက် တစ်ရပ်ကို တည်ဆောင်သွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံသည် တရားဥပဒေဖြင့် နိုင်ငံတော်ကို အုပ်ချုပ်သည့် အခြေခံမူဝါဒ လမ်းစဉ် ထားရှိသည့် နိုင်ငံ ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံသည် ဆိုက်ဘာ လုံခြုံရေး ကို ထိန်းသိမ်းသည့် နိုင်ငံ ဖြစ်ပြီး ဆိုက်ဘာ ဟက်ကာ များ၏ တိုက်ခိုက်မှု ခံရသော နိုင်ငံ လည်းဖြစ်ကြောင်း ၊ တရုတ် နိုင်ငံမှ ဆက်လက်၍ အဂတိ လိုက်စားမှုကို တိုက်ဖျက် သွားမည် ဖြစ်ပြီး ငြိမ်းချမ်းရေး မူဝါဒ လမ်းစဉ်ကို လျှောက်လှမ်းကာ အာရှ-ပစိဖိတ် ဒေသတွင်း လုံခြုံမှု ရရှိရန် ထိန်းသိမ်း သွားမည် ဖြစ်ကြောင်း အထူး ပြောကြား ခဲ့သည်။

ထို့ပြင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်မှ ၂၀၁၃ ခုနှစ်တွင် အမေရိကန် နိုင်ငံ သမ္မတ အိုဘားမား နှင့် တွေ့ဆုံခဲ့ရာတွင် တရုတ်-အမေရိကန် အင်အားကြီး နှစ်နိုင်ငံ ဆက်ဆံရေး ပုံစံသစ် တည်ဆောက် သွားရန် ကိုလည်း အရေးကြီးသော သဘောတူညီမှု များ ရရှိထား ခဲ့ပြီး နှစ်နိုင်ငံမှ အတူတကွ အရေးကြီးသော မဟာဗျူဟာ ရွေးချယ်မှုများကို ရွေးချယ် ဆောင်ရွက် ခဲ့ကြောင်း ၊ တရုတ် နိုင်ငံသည် နှစ်နိုင်ငံ ပြည်သူ လူထု ကြား ချစ်ကြည် ဆက်ဆံရေး ဖလှယ်မှုများ ပြုလုပ် နိုင်ရန် အဆင်ပြေစေမည့် ဆောင်ရွက်မှု များကိုလည်း ပိုမို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ကြိုဆိုပွဲ အခမ်းအနား ို ဝါရှင်တန် ပြည်နယ် အစိုးရ ၊ အမေရိကန်-တရုတ် ကုန်သွယ်ရေး အမျိုးသား ကော်မတီ ၊ အမေရိကန်-တရုတ် ဆက်ဆံရေး အမျိုးသား ကော်မတီ စသည့် ချစ်ကြည်ရေး အသင်းအဖွဲ့များမှ ပူးပေါင်း ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး အမေရိကန် အစိုးရအဖွဲ့ နှင့် ချစ်ကြည်ရေး အသင်းမှ အဖွဲ့ဝင် များ စုစုပေါင်း လူ ၈၀၀ ခန့် တက်ရောက် ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117