Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တရုတ်-အမေရိကန် အုပ်ချုပ်ရေးမှူးများ ဖိုရမ်တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ အရေးပါသော မိန့်ခွန်းပြောကြား

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တတိယ အကြိမ်မြောက် တရုတ်-အမေရိကန် အုပ်ချုပ်ရေးမှူးများ ဖိုရမ် တက်ရောက်စဉ် (ဆင်ဟွာ)

ဆီယတ်တယ် ၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန် နိုင်ငံသို့ တရားဝင် ချစ်ကြည် လည်ပတ်ရေး ခရီးစဉ် သွားရောက် ချိန် အတွင်း စက်တင်ဘာလ ၂၂ ရက်၌ အမေရိကန် နိုင်ငံ ဆီယတ်တယ် မြို့တွင် ကျင်းပ သည့် တတိယ အကြိမ်မြောက် တရုတ်-အမေရိကန် အုပ်ချုပ်ရေးမှူးများ ဖိုရမ်ကို တက်ရောက် ခဲ့ပြီး တရုတ်-အမေရိကန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ အရေးပါသော မိန့်ခွန်းပြောကြား ခဲ့သည်။

ရှေးဦးစွာ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ အမေရိကန် ပြည်နယ် အသီးသီး မှ အုပ်ချုပ်ရေးမှူးများ နှင့် သက်ဆိုင်ရာ တာဝန်ရှိသူ များအား တတိယ အကြိမ်မြောက် တရုတ်-အမေရိကန် အုပ်ချုပ်ရေးမှူးများ ဖိုရမ်ကို တက်ရောက်ခဲ့သည့် အပေါ် ကြိုဆိုကြောင်း ပြောကြား ခဲ့ပြီး ပြည်နယ် အသီးသီး မှ တာဝန် ရှိသူများကလည်း ကာလ တစ်လျှောက်လုံး တရုတ်-အမေရိကန် ဆက်ဆံရေး တိုးတက်မြှင့်တင်နိုင်ရန် ကြိုပမ်းဆောင်ရွက်မှု အပေါ် ချီးမွမ်း ဂုဏ်ပြုကြောင်း ပြောကြား ခဲ့သည်။

ရှီကျင့်ဖိန် မှ ၂၀၁၂ ခုနှစ်တွင် အမေရိကန် နိုင်ငံသို့ လာရောက် လည်ပတ်စဉ် အတွင်း Los Angeles မြို့တွင် ကျင်းပ ခဲ့သည့် ပထမ အကြိမ် တရုတ်-အမေရိကန် အုပ်ချုပ်ရေးမှူးများ ဖိုရမ်ကို တက်ရောက်ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ် တွင်လည်း ပေကျင်းမြို့တွင် ကျင်းပသည့် ဒုတိယ အကြိမ်မြောက် ဖိုရမ်သို့ တက်ရောက် ခဲ့သည့် နှစ်ဘက် ကိုယ်စားလှယ်များ နှင့်လည်း တွေ့ဆုံ ခဲ့ကြောင်း ၊ ဒေသတွင်း ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုသည် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်နိုင်ရေး အတွက် အလွန် အရေးပါကြောင်း ၊ နိုင်ငံ အချင်းချင်း ဆက်ဆံရေးတွင် ပြည်သူလူထု ၏ ထောက်ခံ အားပေးမှုသည် အဓိက အရင်းအမြစ် ဖြစ်ပြီး နောက်ဆုံး အကျိုးပြု ရမည်မှာလည်း ပြည်သူလူထု ပင်ဖြစ်ကြောင်း ၎င်း အနေဖြင့် တရုတ်-အမေရိကန် ဒေသတွင်း ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကို အစဉ် အလေးထား ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် သမ္မတ ရှီကျင့်ဖိန် မှ လက်ရှိအချိန် တွင် တရုတ် နိုင်ငံမှ ပြည်နယ် ၃၁ ခုသည် အမေရိကန်မှ ပြည်နယ် ၅၀ ခု နှင့် မိတ်ဆွေ ဆက်ဆံရေး ပြည်နယ် ၄၃ ခု အဖြစ် ပြုလုပ် နိုင်ခဲ့ပြီး မြို့ပေါင်း ၂၀၀ သည်လည်း အပြန်အလှန် မိတ်ဆွေ မြို့တော်များ တည်ဆောက် နိုင်ခဲ့ကြောင်း ၊ ပြီးခဲ့သည့် ၁၀ နှစ်တာ ကာလ အတွင်း အမေရိကန် ရှိ ပြည်နယ် ၄၂ ခု မှ တရုတ် နိုင်ငံသို့ ပို့ကုန် တန်ဖိုး တိုးတက်လာမှုသည် ရာခိုင်နှုန်း ရာဂဏန်း အထိ မြင့်တက်လာ ခဲ့ပြီး အမေရိကန် နိုင်ငံမှ စာရင်းပြုစု ချက်အရ ပြီးခဲ့သည့် ၅ နှစ် အတွင်း တရုတ် နိုင်ငံမှ အမေရိကန် နိုင်ငံသို့ နှစ်စဉ် ပျှမ်းမျှ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၈ ဘီလီယံ ကျော်ရှိခဲ့ပြီး ဆက်လက် မြင့်တက် နေကြောင်း ပြောကြား ခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်သည် ယခု အကြိမ် အမေရိကန် နိုင်ငံသို့ လာရောက် လည်ပတ်စဉ် အတွင်း အမေရိကန် နိုင်ငံ သမ္မတ အိုဘားမား နှင့် အခြား ကဏ္ဍ အသီးသီး ရှိ ပုဂ္ဂိုလ် များနှင့် တွေ့ဆုံဆွေးနွေးကာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မှု ဆိုင်ရာ လမ်းပြ မြေပုံ ကို ရေးဆွဲ နိုင်ရန် မျှော်လင့်ကြောင်း ၊ တရုတ်-အမေရိကန် ဆက်ဆံရေး တိုးမြှင့် နိုင်ရေးနှင့် ပတ်သက်၍ ပထမ အချက်အနေဖြင့် အမေရိကန် နိုင်ငံသည် ကမ္ဘာ့ အကြီးဆုံး စီးပွားရေး အသိုက်အဝန်း တစ်ခု ဖြစ်ပြီး အကြီးမား ဆုံးသော ဈေးကွက်ကိုလည်း ပိုင်ဆိုင် ထားသဖြင့် ပြည်ပမှ ကုန်ပစ္စည်း ၊ ရင်းနှီးမြှုပ်နှံမှု နှင့် လူစွမ်းအား အရင်းအမြစ်ကို ဆွဲဆောင် ထားနိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကြည့်လျှင် တရုတ် နိုင်ငံသည် လူဦးရေ ၁.၃ ဘီလီယံ ရှိပြီး လာမည့် အနာဂတ် ၅ နှစ်တွင် တရုတ် နိုင်ငံသည် အမေရိကန် ဒေါ်လာ ၁,၀၀၀ ဘီလီယံ တန်ဖိုးရှိ ကုန်ပစ္စည်း များကို တင်သွင်း သွားမည်ဟု ခန့်မှန်း ထားပြီး ပြည်ပသို့ ရင်းနှီးမြှုပ်နှံမှု သည်လည်း အမေရိကန် ဒေါ်လာ ၅၀၀ ဘီလီယံ ကျော်မည် ဖြစ်ကာ တရုတ် နိုင်ငံမှ ပြည်ပသို့ ခရီးသွားသည့် လူဦးရေ မှာလည်း သန်း ၅၀၀ ကျော်မည်ဟု ခန့်မှန်းထားကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အမေရိကန်မှ ပြည်နယ်အသီးသီးနှင့် တရုတ် နိုင်ငံ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် သွားရန် ကြိုဆိုကြောင်း ပြောကြား ခဲ့သည်။

ဒုတိယ အချက်အနေဖြင့်မှ နှစ်နိုင်ငံ ပြုပြင် ပြောင်းလဲမှု ဆိုင်ရာ အားသာ ချက်များကို အပြန်အလှန် ဖလှယ် သွားရန်နှင့် တရုတ် နိုင်ငံ အနေဖြင့် ဆက်လက်၍ ပြုပြင် ပြောင်းလဲရေး ကို ခိုင်မြဲစွာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ဒေသ အသီးသီး မှ အမေရိကန် နိုင်ငံ သို့သွားရောက်၍ ပိုမို အဆင့်မြင့်သော ပူးပေါင်း ဆောင်ရွက်မှု များပြုလုပ်ကာ ဖွံ့ဖြိုး တိုးတက်ရေးများ ဆောင်ရွက်၍ ဒေသတွင်း အကျိုးပြု လုပ်ငန်းများ ဆောင်ရွက် စေလိုကြောင်း ၊ တရုတ် နိုင်ငံမှ လက်ရှိချိန်တွင် စီးပွားရေး လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ၁၃ ခု မြောက် ၅ နှစ် စီမံကိန်း ကို ရေးဆွဲနေကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ပိုမို အဆင့်မြင့်မားသည့် လွတ်လပ်သော စီးပွားရေး စနစ် တည်ဆောက်သွားရန် အားပေးနေကြောင်း ၊ ကနဦး အနေဖြင့် လက်ရှိ အရည်အချင်း ပြည့်မီသော ရှန်ဟိုင်း ၊ ကွမ်တုန်း ၊ ထျန်းကျင်း ၊ ဖူကျန့် စသည့် မြို့များတွင် လွတ်လပ်စွာ ကုန်သွယ်မှု စမ်းသပ် ဒေသ ၄ ခု ပြုလုပ် သွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် “ခေတ်သစ် ပိုးလမ်းမကြီး” စီမံကိန်း တည်ဆောင်ရေး လုပ်ငန်း များကို ပိုမို အရှိန်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ပြီး အမေရိကန် နိုင်ငံ အပါအဝင် ကမ္ဘာ့ နိုင်ငံ အသီးသီး မှ ပူးပေါင်း ပါဝင်ရန် ဖိတ်ခေါ်ကြောင်း ၊ ဤ စီမံကိန်း ကြီးမှ တစ်ဆင့် တရုတ်-အမေရိကန် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အခွင့်အရေး များရရှိလာ မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တတိယ အချက် အနေဖြင့် နှစ်နိုင်ငံ မှ အပြန်အလှန် အားသာ ချက်များကို ရှာဖွေ၍ အပြန်အလှန် ဖြည့်စွက် အားပေး သွားရန် ကြိုးစား ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်း များ ပိုမို တိုးမြှင့် သွားရန် လေ့လာ ဆောင်ရွက်ပြီး နှစ်နိုင်ငံ အနေဖြင့် လည်း ပူးပေါင်းပြီး အခြားနိုင်ငံများ၏ ဈေးကွက် ရှာဖွေ ဆောင်ရွက် သွားနိုင်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံသည် လက်ရှိချိန်တွင် ခေတ်မီ မြို့ပြ စီမံကိန်း တည်ဆောက်ရေး အပိုင်းတွင်လည်း တွန်းအားပေး ဆောင်ရွက်နေကြောင်း ၊ ဤသည် မှာလည်း ၁၃ ခု မြောက် ၅ နှစ် စီမံကိန်း တွင် ပါဝင်သည့် အရေးကြီး အချက်တစ်ခု ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် နှစ်စဉ် အမေရိကန် ဒေါ်လာ ၂၀၀ ဘီလီယံ အသုံးပြု၍ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက်အသုံးပြု ခဲ့ကြောင်း ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကို တရုတ် နိုင်ငံ ဒေသ အသီးသီး ၌ အရှိန် မြှင့်တင် ဆောင်ရွက်နေကြောင်း၊ တရုတ် နိုင်ငံ တွင် ဈေးကွက် နှင့် လိုအပ်ချက် ရှိနေပြီး အမေရိကန် နိုင်ငံ တွင် အတွေ့အကြုံ နှင့် နည်းပညာ များ ရှိကြောင်း ၊ နှစ်နိုင်ငံ မှ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိန်းရေး ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ကာ ရာသီဥတု ပြောင်းလဲမှု ကို ရင်ဆိုင် သွားမည် ဖြစ်ကြောင်းလည်း သမ္မတရှီမှ ပြောကြား ခဲ့သည်။

ရှီကျင့်ဖိန် မှ တရုတ်-အမေရိကန် ယဉ်ကျေးမှု ဆိုင်ရာ ဖလှယ်မှု ကိုလည်း အလွန် အလေးထားကြောင်း ၊ ပညာရေး ကဏ္ဍ နှင့် ပတ်သက်၍ တရုတ် နိုင်ငံ မှ လာမည့် ၅ နှစ်တာ ကာလ အတွင်း နှစ်နိုင်ငံ ကျောင်းသား ၅၀,၀၀၀ ဦးကို အပြန်အလှန် ပညာတော်သင် စေလွှတ်ရန် ထောက်ပံ့ပေး သွားမည် ဖြစ်ပြီး အမေရိကန် အနေဖြင့်လည်း ၂၀၂၀ ခုနှစ် မတိုင်မီ အမေရိကန် နိုင်ငံ ကျောင်းသား တစ် သန်းကျော်ကို တရုတ်စာ သင်ကြား နိုင်ရန် ကြိုးပမ်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ နှစ် နိုင်ငံ အနေဖြင့် ၂၀၁၆ ခုနှစ်တွင် အပြန်အလှန် ခရီးသွား နှစ် အဖြစ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ ဤ ဆောင်ရွက်မှုများမှ တစ်ဆင့် နှစ်နိုင်ငံ ပြည်နယ် အခြင်းခြင်း ဖလှယ်မှု လုပ်ငန်း များ ပိုမို တိုးမြှင့် သွားရန် နှင့် တရုတ်-အမေရိကန် ပြည်သူလူထု အကြား မိတ်ဆွေ ဆက်ဆံရေး ပေါင်းကူး တံတားအား ပိုမို ကျယ်ပြန့်ခိုင်မာ လာရန်မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.