Connect with us

Media

မြန်မာနိုင်ငံရှိ ပြည်သူများ အပူလှိုင်းဒဏ်ကြားတွင် ရှင်သန်ရပ်တည်နေကြရ

ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတစ်ဝန်းတွင် အပူချိန် မြင့်တက်လာသည်နှင့်အမျှ ဒေသအတော်များများတွင် အပူချိန်မှတ်တမ်းများ စံချိန်ချိုးခဲ့ပြီး ပြည်သူများသည် ပြင်းထန်သော အပူလှိုင်းနှင့် ရင်ဆိုင်နေကြရသည်။ နိုင်ငံတကာ မိုးလေဝသ သတင်းအချက်အလက်များ ဖော်ပြသည့် EI Dorado Weather အစီရင်ခံစာတွင် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး ချောက်မြို့သည် ကမ္ဘာ့အပူဆုံးမြို့များထဲတွင် ရက်အတော်ကြာ စာရင်းဝင်ခဲ့သည်။ ချောက်မြို့သည် ဧပြီ ၂၈ ရက်တွင် လွန်ခဲ့သည့် ၅၆ နှစ်တာကာလအတွင်း အပူချိန် ၄၈ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်ဖြင့် ဧပြီလအတွင်း အမြင့်ဆုံး စံချိန်တင်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့က လွန်ခဲ့သည့် ၅၉ နှစ်အတွင်း ဧပြီလ၏အပူချိန် အမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ မိုးလေဝသသတင်းထုတ်ပြန်ချက်များအရ နိုင်ငံတစ်ဝန်းရှိ ဒေသအများအပြားတွင် အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်ထက် ကျော်လွန်၍ အပူချိန်မြင့်မားမှုနှင့် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများရှိ ပြည်သူများက လေအေးပေးစက်ပေးထားသည့် စူပါမားကတ်များနှင့် လက်ဖက်ရည်ဆိုင်များသို့ သွားရောက်ကာ အပူချိန်မြင့်တက်မှုကို ရှောင်ကြကြောင်း ပြည်တွင်းမီဒီယာများတွင် ဖော်ပြကြသည်။ အချို့မိသားစုများကမူ ဟိုတယ်တွင် တည်းခိုအပန်းဖြေ နေထိုင်ကြကြောင်း သိရသည်။ မြန်မာနိုင်ငံသည် မုတ်သုံရာသီ မစတင်မီ အပူချိန်များ မြင့်တက်လေ့ရှိသည့်အတွက် ဧပြီလနှင့် မေလတို့သည် အပူဆုံးလများဖြစ်ကြသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117