Connect with us

Myanmar

မြန်မာနိုင်ငံ ရှမ်းပြည်နယ် ရပ်စောက်မြို့တွင် ထိန်းချုပ်ဓာတုပစ္စည်း Sodium Cyanide များ ဖမ်းဆီးရမိ

မြန်မာနိုင်ငံ ရပ်စောက်မြို့တွင် ဖမ်းဆီးရမိသောထိန်းချုပ်ဓာတုပစ္စည်း Sodium Cyanide များ အားတွေ့ရစဉ်( ဓာတ်ပုံ- CCDAC MYANMAR)

ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် ရပ်စောက်မြို့တွင် ထိန်းချုပ်ဓာတုပစ္စည်း Sodium Cyanide များ ဖမ်းဆီးရမိကြောင်း CCDAC MYANMAR ကယနေ့ (မေ ၁၃ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

ရပ်စောက်မြို့၊ ဗထူးရပ်ကွက်အနီးတွင် မေလ ၁၁ ရက်၌ လုံခြုံရေးတပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ GOVZCT အမျိုးအစား မော်တော်ယာဉ်နှင့် SKAT SOWAR အမျိုးအစား မော်တော်ယာဉ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေရာ အဆိုပါယာဉ်များပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်း Sodium Cyanide အလေးချိန် ၁၀ယ၀၀၀ ကီလိုဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၇၀၀)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါထိန်းချုပ်ဓာတုပစ္စည်းများ တာ၀န်ခံသယ်ဆောင်ခိုင်းသူ အမျိုးသား ၂ ဦးအား TOYOTA LANDCRUISER အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ လက်ကိုင်ဖုန်း ၂ လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်း ထိန်းချုပ်ဓာတုပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူ အမျိုးသား ၅ ဦးတို့အား ရပ်စောက်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)