Connect with us

Science & Technology

ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ရန် တင်ဒါရွေးချယ်ခံရသည့်ကုမ္ပဏီများကို ဒီဇင်ဘာလ အတွင်း ကြေညာမည်

ရန်ကုန်ဘူတာကြီးအားတွေ့ရစဉ် (ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ရန်တင်ဒါတင်သွင်းသည့်ကုမ္ပဏီများ၏ အဆိုပြု လွှာများ ရွေးချယ်စိစစ်နေပြီး ရွေးချယ်ခံရသည့် ကုမ္ပဏီများကို ဒီဇင်ဘာလအတွင်း တရားဝင်ကြေညာမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန တာဝန် ရှိသူတစ်ဦးထံမှ သိရသည်။

ယခင်က ရန်ကုန်ဘူတာကြီးပိုင်မြေ ၆၂ဧကပေါ်၌ အဆင့်မြင့်စီးပွားရေးဆိုင်ရာ အဆောက်အအုံများ၊ အပန်းဖြေနေရာများ၊ဟိုတယ်များဆောက်လုပ်ရန် တင်ဒါဖိတ်ခေါ် ခဲ့ရာ ပြည်တွင်းကုမ္ပဏီများအပါအဝင် မလေးရှား၊ အီတလီ၊ တောင်ကိုရီးယား၊ ကာတာ၊ပြင်သစ်၊ ဂျပန်၊ စင်ကာပူ၊ ကနေဒါနှင့်ဗီယက်နမ်နိုင်ငံတို့က ကနဦးကမ်းလှမ်းခဲ့ သည်။ သို့သော် တင်ဒါတင်သွင်းသည့် ကုမ္ပဏီများ၏ အဆိုပြုလွှာများကို စိစစ်ခဲ့ရာစည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုမရှိ၍တင်ဒါအောင်မြင်သော ကုမ္ပဏီမရှိဟု သတ် မှတ်ခဲ့ပြီး နောက်တစ်ကြိမ် တင်ဒါထပ်မံ ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်းပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117