Connect with us

Asia

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်၌ ရေကြီးမှုကြောင့် သေဆုံးသူ ၃၁ ဦးအထိရှိလာ

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ် နာဂွန်ခရိုင်တွင် ရီမယ်လ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရေကြီးရေလျှံဖြစ်ပွားပြီးနောက် ကျေးရွာသားတစ်ဦးကို ၂၀၂၄ ခုနှစ် မေ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်၌ ဆက်လက်ဖြစ်ပွားလျက်ရှိသော ရေကြီးမှုအခြေအနေသည် ဆိုးရွားလာပြီး ယခုအချိန် အထိ ၃၁ ဦး သေဆုံးခဲ့ပြီးဖြစ်သည်ဟု အရာရှိများက ဇွန် ၁၉ ရက်တွင် ပြောကြားသည်။ဇွန် ၁၈ ရက် ညပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်အရ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် ငါးဦးသေဆုံးခဲ့ကြောင်း သိရသည်။သေဆုံးသူများမှာ အသက် ၅၅ နှစ်ရှိ အမျိုးသမီးတစ်ဦးနှင့် အသက် ၁၈ နှစ်၊ ၁၆ နှစ်နှင့် ၁၁ နှစ်ရှိ ၎င်း၏သမီးသုံးဦးဖြစ်သည်။ အသက်သုံးနှစ်ရှိ ကလေးငယ်တစ်ဦး၏အလောင်းကို အပျက်အစီးကြားမှ တူးဖော်တွေ့ရှိခဲ့ကြသည်။
အာသံပြည်နယ် သဘာဝဘေးဒုက္ခစီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က ဒေသ ၁၅ ခုရှိ လူဦးရေ ၁၆၁,၂၀၉ ဦး ရေကြီးမှုဒဏ် ခံစားခဲ့ရကြောင်း ပြောသည်။ ကာရင်ဂါနီဒေသသည် အဆိုးဆုံးဖြစ်ပြီး လူဦးရေ ၁၅၂,၁၃၃ ဦး ရေကြီးမှုဒဏ်ခံခဲ့ရသည်။ ရေဘေးသင့်ဒေသများတွင် စိုက်ပျိုးမြေ ဧရိယာ ၁,၃၇၈ ဒသမ ၆၄ ဟက်တာ ရေကြီးနစ်မြုပ်ခဲ့သည်။ ဒေသန္တရ အစိုးရသည် ရေဘေးသင့်ဒေသတွင် ဒုက္ခသည်ကယ်ဆယ်ရေးစခန်းပေါင်း ၄၃ ခုကို ဖွင့်လှစ်ပေးခဲ့သည်။

ဒုက္ခသည်ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင် လျက်ရှိကြောင်းနှင့် ကယ်ဆယ်ရေးစခန်း ၄၃ ခုတွင် လူဦးရေ ၅,၁၁၄ ဦးကို နေရာချထားပေးခဲ့ကြောင်း အရာရှိများက ပြောသည်။ အခြေခံ အဆောက်အအုံများ ပျက်စီးခြင်း၊ ဆည်ကျိုးခြင်း၊ လမ်းနှင့်တံတားများ ပျက်စီးခြင်းက ရေဘေးသင့်ဒေသများကို ကူညီထောက်ပံ့မှုများ လုပ်ဆောင်ရာတွင် အနှောင့်အယှက်များဖြစ်ပေါ်စေသည်။ လွန်ခဲ့သောလက အနောက်ဘင်္ဂလားကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းများကြားတွင် ဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း ရီမယ်လ်ကြောင့် အာသံနှင့် မဏိပူရပြည်နယ်များတွင်ရေကြီးနစ်မြုပ်မှုများဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ (Xinhua)
———————————
India’s Assam flood situation worsens as death toll rises to 31
NEW DELHI, June 19 (Xinhua) — The ongoing flood situation in India’s northeastern state of Assam continues to worsen and so far has claimed 31 lives, officials said Wednesday.
According to police on Tuesday night, a landslide triggered by rains killed five people.
Officials said the victims were identified as a 55-year-old woman and her three daughters aged 18, 16 and 11. The body of a three-year-old baby boy was also retrieved from the debris.
Assam State Disaster Management Authority (ASDMA) said the floods have affected a population of 161,209 in 15 districts batting the inundation.
Karimganj is the worst affected district with 152,133 people reeling under floodwaters.