Connect with us

China

တရုတ်နှင့် နိုင်ဂျီးရီးယား နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေး၊ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကော်မတီ ပထမဆုံး မျက်နှာစုံညီအစည်းအဝေးတက်‌‌ရောက်

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် နိုင်ဂျီးရီးယား နိုင်ငံခြားရေးဝန်ကြီး Yusuf Maitama Tuggar တို့ တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ၂၀၂၄ ခုနှစ် ဇွန် ၂၁ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် နိုင်ဂျီးရီးယားနိုင်ငံခြားရေးဝန်ကြီး Yusuf Maitama Tuggar အား ဇွန် ၂၁ ရက်က ပေကျင်းမြို့၌ လက်ခံတွေ့ဆုံခဲ့သည်။ ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးတို့သည် တရုတ်-နိုင်ဂျီးရီးယား အစိုးချင်းပူးပေါင်းဆောင်ရွက်မှုကော်မတီ၊ ပထမဆုံးအကြိမ် မျက်နှာစုံညီအစည်းအဝေးသို့လည်း တက်ရောက်ခဲ့ကြသည်။
ထိုသို့တွေ့ဆုံစဉ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က နိုင်ဂျီးရီးယားနိုင်ငံသည် ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံမှုရှိသော အဓိက အာဖရိကနိုင်ငံဖြစ်ကြောင်း၊ တရုတ်-နိုင်ဂျီးရီးယားဆက်ဆံရေး ခိုင်မာအားကောင်းမှုသည် တရုတ်-အာဖရိက ဆက်ဆံ‌ရေးအတွက် သာဓကနှင့် လမ်းညွှန်မှုတစ်ခု ဖြစ်လာမည်ဟု ပြောကြားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
Chinese, Nigerian FM hold talks, attend first plenary session of inter-governmental committee
BEIJING, June 21 (Xinhua) — Chinese foreign minister Wang Yi held talks with Nigeria’s Foreign Minister Yusuf Maitama Tuggar in Beijing on Friday. The two foreign ministers also attended the first Plenary Session of China-Nigeria Inter-governmental Committee.
During the talks, Wang, also a member of the Political Bureau of the Communist Party of China Central Committee, said that Nigeria is a major African country with extensive influence. The sound development of China-Nigeria relations will serve as an example and a guide for China-Africa relations.
Photo: Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, holds talks with Nigeria’s Foreign Minister Yusuf Maitama Tuggar, in Beijing, capital of China, June 21, 2024. (Xinhua/Li Xiang)