Connect with us

China

ထိုင်ဝမ်အရေးက တရုတ်-အမေရိကန် ဆက်ဆံရေးတွင် ကျော်လွန်၍မရသော ပထမဆုံး အနီရောင်စည်းမျဉ်း ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်အား ဇွန် ၂၄ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)
မကြာသေးမီက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေညာလိုက်သော Lockheed Martin ကုမ္ပဏီ အဖွဲ့အစည်းများနှင့် အကြီးတန်းမန်နေဂျာများကို တန်ပြန်အရေးယူသည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ သက်ဆိုင်ရာမေးခွန်းများကို တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားရာ၌ ထိုင်ဝမ်အရေးသည် တရုတ်-အမေရိကန် ဆက်ဆံရေးတွင် ကျော်လွန်၍မရသော ပထမဆုံး အနီရောင်စည်းမျဉ်း ဖြစ်ကြောင်း ၊ မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်မဆို ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ တားထားသော စည်းမျဉ်းကို ကျော်လွန်လာပါက ၎င်းအတွက် ပေးဆပ်ရမည်ဖြစ်ကြောင်း ဇွန် ၂၄ ရက်က ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံက ထိုင်ဝမ်ဒေသသို့ လက်နက်များ ရောင်းချမှုသည် တရုတ်နိုင်ငံ အခြေခံမူနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် (၃) ရပ်ကို ပြင်းထန်စွာ ချိုးဖောက်ခြင်း၊ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို အပြင်းအထန် ဝင်ရောက်စွက်ဖက်ခြင်း၊ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို ဆိုးရွားစွာ ထိခိုက်ခြင်း ဖြစ်ကြောင်း၊ ထိုင်ဝမ်ဒေသသို့ လက်နက်ရောင်းချမှုတွင် ပါဝင်ပတ်သက်သော အဖွဲ့အစည်းများနှင့် အကြီးတန်းမန်နေဂျာများကို တရုတ်နိုင်ငံအနေဖြင့် ဥပဒေနှင့်အညီ တန်ပြန်အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း မော်နင်က ပြောကြားခဲ့သည်။ (Xinhua)

…………………………….
(Chinese Version)
外交部:台湾问题是中美关系第一条不可逾越的红线
新华社北京6月24日电(记者董雪)就外交部日前公布对洛克希德·马丁公司实体和高级管理人员采取反制措施的决定一事,外交部发言人毛宁24日在例行记者会上回答有关提问时表示,台湾问题是中美关系第一条不可逾越的红线,任何国家、任何组织或个人都不要妄想在台湾问题上越界踩线而不用付出代价。
毛宁说,美国向中国台湾地区出售武器,严重违反一个中国原则和中美三个联合公报,严重干涉中国内政,严重损害中国主权和领土完整。中方依法对参与售台武器的相关公司实体和高级管理人员采取反制措施。