Asia
အင်ဒိုနီးရှားတွင် ဂိုဒေါင်တစ်လုံးမီးလောင်မှုအတွင်း လူငါးဦးသေဆုံး
ဂျကာတာ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာ၏ ဆင်ခြေဖုံးဒေသတစ်ခုရှိ ဂိုဒေါင်တစ်ခုတွင် ဇူလိုင် ၃ ရက် နံနက်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားရာ လူငါးဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်သည်။
အဆိုပါ မီးလောင်ကျွမ်းမှုသည် ဘေကာဆီမြို့ ဂျာတီအာရှီအရပ်၌ ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခြင်းဖြစ်ပြီး ဂိုဒေါင်အတွင်းရှိ လူငါးဦးစလုံးမှာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မီးလောင်ကျွမ်းမှုအတွင်း သေဆုံးသူများသည် ဂိုဒေါင်အတွင်းမှ အပြင်သို့ထွက်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း မီးမှာအလျင်အမြန် ကူးစက်လာပြီး ၎င်းတို့၏ထွက်ပေါက်အား ပိတ်ဆို့ခဲ့ခြင်းကြောင့် သေဆုံးရခြင်းဖြစ်သည်။
အာဏာပိုင်အဖွဲ့က မီးလောင်ကျွမ်းရာ နေရာသို့ မီးသတ်ကားအနည်းဆုံး ၁၂ စီး စေလွှတ်ခဲ့ကြောင်း၊ မီးလောင်မှုသည် အဓိကအားဖြင့် ဝါယာရှော့ဖြစ်ရာမှ စတင်ခဲ့ဖွယ်ရှိကြောင်း ဘေကာဆီမြို့ ကယ်ဆယ်ရေးနှင့် မီးသတ်ဌာနအကြီးအကဲဖြစ်သူ အာဆန်ဆိုလေဟူဒင်က ပြောသည်။
မီးလောင်ကျွမ်းမှုကြောင့် အင်ဒိုနီးရှား ရူပီယာတစ်ဘီလီယံခန့် (ဒေါ်လာ ၆၁,၀၀၀ ခန့်) ဆုံးရှုံးခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………
(English Version)
5 killed in deadly warehouse fire in Indonesia
JAKARTA, July 3 (Xinhua) — Five members of a family, including three children, died after a fire engulfed a furniture warehouse in Bekasi, an outskirt city of Indonesia’s capital on Wednesday morning, local authorities said.
According to a preliminary report, the fire broke out at about 6:45 a.m. local time in Jatiasih area where the victims were inside the house.
At least 12 fire engines were deployed to distinguish the fire, said head of Bekasi’s fire and rescue agency Aceng Solehudin, noting that an electrical shortage was possibly the main cause of the fire.
According to him, the fire has also caused damages of up to 1 billion Indonesian rupiahs (around 61,000 U.S. dollars).
Meanwhile, Jatiasih police chief Suroto said that all victims were trapped in a bathroom at the warehouse during the fire.
The victims wanted to get out of the building, but the fire continued to spread fast and blocked their way out, he said, adding that an investigation into the case was still underway. ■