Asia
ခတ္တမန္ဒူလေဆိပ်တွင် လေယာဉ်ပျက်ကျပြီးနောက် သေဆုံးသူ ၁၈ ဦးကို ပြန်လည်တွေ့ရှိ
ခတ္တမန္ဒူ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)
နီပေါနိုင်ငံ မြို့တော် ခတ္တမန္ဒူရှိ Tribhuvan အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဇူလိုင် ၂၄ ရက်၌ လေယာဉ်ပျက်ကျခဲ့ပြီးနောက် သေဆုံးသူ ၁၈ ဦးကို ပြန်လည်တွေ့ရှိခဲ့ကြောင်း နီပေါနိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ (CAAN) ပြောရေးဆိုခွင့်ရှိသူ Hansa Raj Pandey က ပြောခဲ့သည်။
ဒဏ်ရာရသူတစ်ဦးကို ဆေးရုံသို့ပို့ဆောင်ထားပြီးဖြစ်ကြောင်းနှင့် အခင်းဖြစ်ပွားမှုကြောင့် လေဆိပ်ပိတ်ထားရကြောင်း Pandey က ဆင်ဟွာကို ပြောခဲ့သည်။
အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ကနဦး၌ သေဆုံးသူ ၂၂ ဦးရှိကြောင်း ထုတ်ပြန်ခဲ့သော်လည်း ကယ်ဆယ်ရေးအဖွဲ့က လူသုံးဦးကို နှစ်ကြိမ်ရေတွက်မိသည့်အတွက် နောက်ပိုင်း၌ ပြန်လည်ပြင်ဆင်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
CAAN ရှာဖွေရေးနှင့် ကယ်ဆယ်ရေးညှိနှိုင်းမှုစင်တာကလည်း အဆိုပါဖြစ်ရပ်ကြောင့် လူ ၁၈ ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
Pokhara မြို့သို့ လာရောက်သော Saurya Airlines လေယာဉ်သည် လူ ၁၉ ဦးကိုတင်ဆောင်လာခြင်းဖြစ်ကြောင်း ၎င်းတို့အားလုံးမှာ လေကြောင်းလိုင်းမှဖြစ်ကြောင်း Pandey က ဆိုသည်။
ယင်းလေယာဉ်သည် မြေပြင်သို့ဦးစိုက်ထိုးဆင်းခဲ့ကာ လေဆိပ်အတွင်းမှပင် ပေါက်ကွဲသံကိုကြားရကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောခဲ့သည်။ (Xinhua)
……………………………………..
(English Version)
18 bodies recovered following plane crash at Kathmandu airport
KATHMANDU, July 24 (Xinhua) — Eighteen dead bodies have been recovered after a plane crashed on Wednesday at the Tribhuvan International Airport in Kathmandu, Nepal’s capital, said Hansa Raj Pandey, spokesman at the Civil Aviation Authority of Nepal (CAAN).
Pandey told Xinhua that one injured person has been hospitalized, and the airport has been closed over the incident.
The spokesman initially put the death toll at 22, but he corrected it later saying the rescue team double-counted three people.
The CAAN’s search and rescue coordination center issued a statement, saying 18 were killed and 1 injured in the incident.
The Saurya Airlines flight bound for the city of Pokhara was carrying 19 people, and all of them were from the airline, said Pandey.
A witness said the plane nosedived into the ground and an explosion could be heard inside the airport.
Photo: The crash site of a passenger plane is pictured in the Pokhara region, Nepal, Jan. 15, 2023. (National News Agency of Nepal/Handout via Xinhua)