Connect with us

Europe

ရုရှားနိုင်ငံ Kursk ပြည်နယ်တွင် ယူကရိန်းစစ်တပ် ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း ဇယ်လန်းစကီး ပြောကြား

ဂျာမနီနိုင်ငံ မြူးနစ် မြို့တွင် ကျင်းပသော ၅၈ ကြိမ်မြောက် မြူးနစ်လုံခြုံရေးအစည်းအဝေးတွင် အမှာစကားပြောကြားနေသော ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ သြဂုတ် ၁၄ (ဆင်ဟွာ)

ရုရှားနိုင်ငံ Kursk ပြည်နယ်တွင် ယူကရိန်းစစ်တပ် ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးက သြဂုတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။
ဇယ်လန်းစကီးသည် ထိုနေ့တွင်ပင် ယူကရိန်းစစ်တပ် ကာကွယ်ရေးဦးစီးချုပ် Syrskyi နှင့် ဗီဒီယိုခေါ်ဆိုမှု ပြုလုပ်ခဲ့သည်။ ထို့နောက် မကြာမီ ဇယ်လန်းစကီးက တိုက်ပွဲများသည် ခက်ခဲ၍ပြင်းထန်သော်လည်း ယူကရိန်းစစ်တပ်သည် Kursk ဒေသတွင် ရှေ့သို့ဆက်လက်ချီတက်နေပြီး ယူကရိန်း၏ “စေ့စပ်ညှိနှိုင်းရာတွင် အပေးအယူပြောပိုင်ခွင့်များ” ပိုတိုးလာသည်ဟု ပြီးနောက် ဆိုရှယ်မီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။
ယူကရိန်းက Kursk ဒေသရှိ လူနေရပ်ကွက် ၇၄ ခုကို ထိန်းချုပ်ထားပြီး အဆိုပါ လူနေရပ်ကွက်များတွင် စစ်ဆေးရေးနှင့် တည်ငြိမ်ရေး အစီအမံများကို လုပ်ဆောင်ခဲ့ကြောင်း၊ ယူကရိန်းထိန်းချုပ်နယ်မြေများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဖြေရှင်းရေးပုံစံသတ်မှတ်ရေးလုပ်ငန်း ဆက်လက်လုပ်ဆောင်နေကြောင်း၊ ယူကရိန်း၏ နောက်တစ်ဆင့် လှုပ်ရှားမှုများအတွက် ပြင်ဆင်မှုများလည်း လုပ်ဆောင်လျက်ရှိကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း ယူကရိန်းစစ်တပ်သည် Kursk ဒေသ၏ နယ်မြေဧရိယာ ၄၀ စတုရန်းကီလိုမီတာကို ထိန်းချုပ်ထားခဲ့ကြောင်း Syrskyi က ဇယ်လန်းစကီးအား တင်ပြခဲ့သည်။ ဩဂုတ် ၁၂ ရက်အထိ ယူကရိန်းစစ်တပ်သည် ရုရှားပိုင်နက်ဧရိယာ ၁,၀၀၀ စတုရန်းကီလိုမီတာခန့်ကို ထိန်းချုပ်ထားပြီးဖြစ်ကြောင်း သိရသည်။

ယူကရိန်းစစ်တပ်သည် ရုရှားနိုင်ငံ Kursk ပြည်နယ်ကို ဩဂုတ် ၆ ရက်တွင် လျှပ်တစ်ပြက်တိုက်ခိုက်ခဲ့ပြီး မကြာမီတွင်ပင် ယင်းပြည်နယ်၌ နှစ်ဖက်အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။ ရုရှားနိုင်ငံအနေဖြင့် နယ်စပ်ဒေသ၌ ယူကရိန်း၏ ရန်စမှုများကို ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဟု ရုရှားနိုင်ငံသမ္မတ ပူတင်က ရုရှားနိုင်ငံ တောင်ပိုင်း နယ်စပ်ဒေသအခြေအနေဆိုင်ရာ အစည်းအဝေးတွင် ဩဂုတ် ၁၂ ရက်၌ ပြောကြားခဲ့သည်။ (Xinhua)

……………………………………………………….
(Chinese Version)
泽连斯基:乌军在俄库尔斯克州的攻势仍在继续
新华社基辅8月13日电(记者包诺敏)乌克兰总统泽连斯基13日说,乌克兰军队在俄罗斯库尔斯克州的攻势仍在继续。
泽连斯基当天与乌克兰武装部队总司令瑟尔斯基进行了视频通话。泽连斯基随后在社交媒体上发文说,尽管战斗艰难而激烈,但乌军仍在库尔斯克地区继续推进,乌方的“谈判筹码”正在增加。
泽连斯基说,乌克兰已控制库尔斯克地区74个居民点,并在这些居民点开展检查和稳定措施。为乌克兰控制区制定人道主义解决方案的工作仍在继续。乌克兰下一步行动的准备工作也在进行中。
瑟尔斯基向泽连斯基通报说,乌克兰军队在过去24小时内控制了库尔斯克地区40平方公里领土。截至12日,乌克兰军队已控制俄罗斯约1000平方公里领土。
乌克兰军队6日突袭俄罗斯库尔斯克州,随后双方在该州爆发激烈冲突。俄罗斯总统普京12日就俄南部边境局势召开会议时表示,俄方将坚决回应乌方在边境地区的一系列挑衅。(完)
图说:2022年2月19日,在德国慕尼黑,乌克兰总统泽连斯基在第58届慕尼黑安全会议(慕安会)上发言。新华社记者逯阳摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.