Connect with us

Media

မြန်မာနိုင်ငံ ရန်ကုန်မြို့ လမ်းမထက်က ဂီတမောင်နှမများ ပရဟိတအဖွဲ့၏ ရေဘေးကူညီရေး ဂီတဖျော်ဖြေမှု

ရန်ကုန်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဂုဏ်ရည်လမ်းမတွင် စက်တင်ဘာ ၂၃ ရက် ညဦးပိုင်းက ဂီတမောင်နှမများ ပရဟိတအဖွဲ့၏ ရေဘေးကူညီရေး ဂီတဖျော်ဖြေမှုကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။
မကြာသေးမီက ဖြစ်ပွားခဲ့သည့် ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ရည်ရွယ်ပြီး မြို့နယ်အများစုတွင် ရေဘေးကူညီရေး ဖျော်ဖြေမှုများ ပြုလုပ်ကာ ပြည်သူများ၏ စေတနာအလျောက် ရရှိသည့်အလှူငွေများဖြင့် ဒေသအလိုက် ကူညီထောက်ပံ့ပေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ တိုင်ဖွန်းမုန်တိုင်း ရာဂီနှင့် ဘင်္ဂလားပင်လယ်အော်ရှိ မုန်တိုင်းငယ်အရှိန်ကြောင့် မကြာသေးမီက ရေကြီးရေလျှံမှုများ ဖြစ်ပွားပြီး စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းအထိ လူ ၃၈၄ ဦး သေဆုံးပြီး ၈၉ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117