Connect with us

Sino-Myanmar

မြန်မာနိုင်ငံရှိ တရုတ်အထည်ချုပ်စက်ရုံက ရေဘေးသင့်ပြည်သူများအား ပါဝင်ကူညီလှူဒါန်း

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့အတွင်းရှိ ရေဘေးသင့်ပြည်သူများအား Handa Industries Group က ဝန်ထမ်းများ၏ စုပေါင်းပါဝင်လှူဒါန်းမှုနှင့်အတူ သွားရောက်ကူညီထောက်ပံ့မှုများ ပေးအပ်နေစဉ် (ဓာတ်ပုံ - Handa Industries Group )

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့အတွင်းရှိ ရေဘေးသင့်ပြည်သူများအား မြန်မာနိုင်ငံရှိ တရုတ်အထည်ချုပ်စက်ရုံ တစ်ခုဖြစ်သည့် Handa Industries Group က ဝန်ထမ်းများ၏ စုပေါင်းပါဝင်လှူဒါန်းမှုနှင့်အတူ မကြာသေးမီရက်ပိုင်းက သွားရောက်ကာ ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေဘေး ကူညီလှူဒါန်းရခြင်းနှင့် ပတ်သက်၍ “မြန်မာနိုင်ငံကို ကူညီချင်တဲ့စိတ်နဲ့ မြန်မာနိုင်ငံကို ဒီလို အခြေအနေမျိုးကို ဖြေလျော့လို့ ရအောင် အတူတူလက်တွဲပြီး တတ်နိုင်သမျှ နည်းနည်းဆိုလည်း နည်းနည်း ၊ များများဆိုလည်း များများ ကူညီချင်တဲ့ ဆန္ဒရှိပါတယ်”ဟု မြန်မာနိုင်ငံရှိ Handa Industries Group ၏ အထွေထွေ မန်နေဂျာ Mr.Bao Gang Ming က ပြောကြားခဲ့သည်။
တောင်ငူမြို့အတွင်းရှိ ရေဘေးသင့်ပြည်သူများ၊ မိဘမဲ့ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများအတွက် ငွေကျပ် သိန်း ၂၅၀ ကျော် တန်ဖိုးရှိ ရေသန့်၊ အစားအစာနှင့် ဆေးဝါး ပစ္စည်းများအပြင် စက်ရုံမှ အဝတ်အထည်များကိုလည်း ထောက်ပံ့ကူညီလှူဒါန်းခဲ့ကြောင်း သိရသည်။ (Xinhua)

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့အတွင်းရှိ ရေဘေးသင့်ပြည်သူများအား Handa Industries Group က ဝန်ထမ်းများ၏ စုပေါင်းပါဝင်လှူဒါန်းမှုနှင့်အတူ သွားရောက်ကူညီထောက်ပံ့မှုများ ပေးအပ်နေစဉ် (ဓာတ်ပုံ – Handa Industries Group )