Connect with us

Politics, Law & Military

မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း ကျောက်ဖြူမြို့နယ်တွင် တပ်မတော် (ရေ) က စိတ်ကြွရူးသွပ်ဆေးပြား ၁.၄ သန်းကျော် သိမ်းဆည်းရမိ

သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ - CCDAC Myanmar)

ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

မြန်မာ့တပ်မတော် (ရေ) မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရခိုင်ပြည်နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁.၄၇၈ သန်း သိမ်းဆည်းရမိခဲ့ကြောင်း CCDAC Myanmar ထုတ်ပြန်ချက်အရ သိရသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် စက်တင်ဘာ ၂၃ ရက် နံနက် ၄ နာရီအချိန်က ကမ်းရိုးတန်းသွားစက်လှေပေါ်မှ လေးဦးကို ဒေသကာလတန်ဖိုး ငွေကျပ် ၂.၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁.၄၇၈ သန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ စက်တင်ဘာလ ၂၄ ရက် နံနက် ၁၀ နာရီအချိန်တွင် ဖမ်းဆီးရမိသော စိတ်ကြွဆေးပြားများအား ရန်ကုန်မှ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်သို့ ပို့ဆောင်ခိုင်းသူ နောက်ထပ်နှစ်ဦးကိုလည်း ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုဆိပ်ကမ်း၌ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့သည် သိမ်းဆည်းရမိသောစိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ရခိုင်ပြည်နယ်သို့ ရေကြောင်းဖြင့် သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းသိရှိရ၍ ၎င်းတို့ကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

……………………………………
(English Version)
Myanmar’s navy seizes over 1.4 mln stimulant tablets in western state
YANGON, Sept. 28 (Xinhua) — Myanmar’s naval authorities have seized 1.478 million stimulant tablets in western Myanmar’s Rakhine state, the state-run daily The Mirror, citing police sources, reported on Saturday.
The narcotics were confiscated in Kyaukphyu township of Rakhine state on Monday after local authorities, including Myanmar navy personnel, intercepted a motorboat, the report said.
Four suspects on board the boat were arrested and two more suspects in connection with the case were also apprehended in Seikkyi Kanaungto township of Yangon region on Tuesday, it said.
The narcotics are approximately valued at over 2.2 billion kyats (about 1.04 million U.S. dollars), the report added.
Investigations showed that the drugs were transported from Shan state to Yangon region and were then enroute to Rakhine state via waterway, the report said.
The suspects were charged under the country’s laws and further investigations are underway, it added.

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.