Connect with us

Asia

ဂျပန်ဝန်ကြီးချုပ်က အထွေထွေရွေးကောက်ပွဲ ကျင်းပရန် အောက်လွှတ်တော်အား ဖျက်သိမ်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ အောက်လွှတ်တော်အဆောက်အအုံ၌ ကျင်းပသည့် မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်လာသည့် ဂျပန်ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာ (ယာ-ပထမ၊ ရှေ့တန်း) အား ၂၀၂၄ ခုနှစ် အောက်တိုဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

ဂျပန်ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာအနေဖြင့် ‌အောက်လွှတ်တော်၌ အမတ်နေရာအများစုကို ၎င်း၏ပါတီက ထိန်းချုပ်နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိစဉ် အောက်တိုဘာ ၉ ရက်တွင် ဂျပန်အောက်လွှတ်တော်အား တရားဝင်ဖျက်သိမ်းကာ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန် လမ်းဖွင့်ပေးခဲ့သည်။
အထွေထွေရွေးကောက်ပွဲအား အောက်တိုဘာ ၂၇ ရက်၌ ကျင်းပရန် ရက်သတ်မှတ်ထားကာ အောက်တိုဘာ ၁၅ ရက်၌ မဲဆွယ်စည်းရုံးမှုများကို စတင်မည်ဖြစ်သည်။ အီရှီဘာအနေဖြင့် စက်တင်ဘာ ၂၇ ရက်က အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ဥက္ကဋ္ဌ ရွေးချယ်ပွဲတွင် အနိုင်ရခဲ့ပြီး LDP ဦးဆောင်သည့် ညွန့်ပေါင်းအုပ်စုက ထိန်းချုပ်ထားသော လွှတ်တော်၌ အောက်တိုဘာ ၁ ရက်က ဂျပန်ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခြင်းခံခဲ့ရသည်။

ယင်းသည် ဂျပန်နိုင်ငံ၏ စစ်ပြီးခေတ်သမိုင်းတွင် ဝန်ကြီးချုပ်တစ်ဦး စတင်တာဝန်ယူချိန်နှင့် အောက်လွှတ်တော်အား ဖျက်သိမ်းခဲ့သည့်အကြား အချိန်အတိုတောင်းဆုံးဖြစ်သည်။
၂၀၂၃ ခုနှစ်နှောင်းပိုင်း၌ LDP ပါတီ၏ နိုင်ငံရေးရန်ပုံငွေ အရှုပ်တော်ပုံနှင့် ပတ်သက်၍ သတင်းထွက်ပေါ်လာပြီးနောက်ပိုင်း ပထမဆုံး အထွေထွေရွေးကောက်ပွဲ ဖြစ်လာမည်ဖြစ်သည်။
အရှုပ်တော်ပုံများ ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးအပေါ် ပြည်သူလူထုက ပြန်လည်ယုံကြည်လာစေရန်နှင့် လူနေမှုစရိတ်များ မြင့်တက်နေစဉ် ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုများကို ဖြေဖျောက်ပေးရန် ကြိုးပမ်းသွားမည်ဟု ပြီးခဲ့သည့်သီတင်းပတ်က ပါလီမန်၌ ပထမဆုံးအကြိမ် မူဝါဒရေးရာမိန့်ခွန်း ပြောကြားစဉ် အသက် ၆၇ နှစ်အရွယ် အီရှီဘာက ကတိပြုခဲ့သည်။
လူထု၏ အမျက်ဒေါသကို ဖြေဖျောက်ပေးရန် ကြိုးပမ်းသည့်အနေဖြင့် နိုင်ငံရေးရန်ပုံငွေ အရှုပ်တော်ပုံတွင် ပါဝင်ပတ်သက်နေသည့် လွှတ်တော်အမတ် ၁၂ ဦးအား လာမည့်ရွေးကောက်ပွဲအတွက် တရားဝင် ကိုယ်စားလှယ်လောင်းများအဖြစ် အတည်ပြုထောက်ခံခြင်းမပြုရန် LDP ပါတီက အောက်တိုဘာ ၉ ရက်၌ ဆုံးဖြတ်ခဲ့သည်။

စစ်ပြီးခေတ်ကာလ၏ အချိန်အများစုတွင် ဂျပန်နိုင်ငံအား အုပ်ချုပ်ခဲ့သည့် LDP ပါတီက အမတ်နေရာ ၄၆၅ နေရာရှိ အောက်လွှတ်တော်၌ အမတ်နေရာ ၂၅၈ နေရာကို ယခင်က ထိန်းချုပ်ထားခဲ့ကာ အမတ်နေရာ ၃၂ နေရာ ရရှိထားသည့် ခိုမေတိုပါတီနှင့် ညွန့်ပေါင်းဖွဲ့၍ တိုင်းပြည်ကို အုပ်ချုပ်ခဲ့သည်။
အဓိက အတိုက်အခံပါတီမှာ အမတ်နေရာ ၉၉ နေရာ ရရှိထားသည့် ဝန်ကြီးချုပ်ဟောင်း ယိုရှိဟိကို နိုဒါ ဦးဆောင်သော ဖွဲ့စည်းပုံဆိုင်ရာ ဂျပန်ဒီမိုကရက်တစ်ပါတီဖြစ်ကြောင်း သိရသည်။
LDP ပါတီ၏ ရန်ပုံငွေအရှုပ်တော်ပုံများ ပေါ်ပေါက်ခဲ့ပြီးနောက် လာမည့်ရွေးကောက်ပွဲတွင် နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ ငွေကြေးဖောင်းပွမှုအား တုံ့ပြန်ကိုင်တွယ်မှု၊ စီးပွားရေးစီမံချက်များ စသည့် အရေးကြီး ကိစ္စရပ်များအပေါ် အဓိကအလေးထားမည်ဟု ယူဆရသည်။ အတိုက်အခံပါတီများက ၎င်းတို့အချင်းချင်း ညှိနှိုင်းဆောင်ရွက်လျက် LDP ပါတီ၏ လွှမ်းမိုးမှုအား လျှော့ချနိုင်ရေးအတွက် အာရုံစိုက်သွားဖွယ်ရှိသည်။ (Xinhua)

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ အောက်လွှတ်တော်အဆောက်အအုံ၌ ကျင်းပသည့် မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်လာသည့် ဂျပန်ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာ (ယာ-ပထမ၊ ရှေ့တန်း) အား ၂၀၂၄ ခုနှစ် အောက်တိုဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………
(English Version)
1st LD: Japan’s PM dissolves lower house of parliament for general election
TOKYO, Oct. 9 (Xinhua) — The lower house of Japan’s parliament was officially dissolved on Wednesday, setting the stage for the general election as Prime Minister Shigeru Ishiba seeks to secure his party’s lower house majority.
The general election is slated to be held on Oct. 27, with campaigning set to begin on Oct. 15. Ishiba won the presidential election of the ruling Liberal Democratic Party (LDP) on Sept. 27 and was elected prime minister on Oct. 1 in the parliament controlled by the LDP-led coalition.
The timing marked the shortest period between a prime minister taking office and the dissolution of the lower house in Japan’s postwar history.
The general election will be the first since the LDP’s political funds scandal surfaced in late 2023.
In his first policy speech to the parliament last week, 67-year-old Ishiba vowed to restore public trust in politics following a series of scandals and tried to reassure the public amid rising living costs.
In an effort to address public outrage, the LDP on Wednesday decided not to endorse 12 lawmakers embroiled in the political funds scandal as official candidates in the upcoming election.
The LDP, which ruled Japan for most of the post-war era, previously held 258 seats in the 465-member lower house, and it governed in coalition with Komeito, which held 32 seats.
The main opposition is the Constitutional Democratic Party of Japan led by former Prime Minister Yoshihiko Noda, which held 99 seats.
The election is expected to focus on key issues like political reform following the LDP’s funding scandals, responses to inflation, and economic measures. Opposition parties are set to focus on undermining the LDP’s dominance while coordinating among them. Enditem
English Caption
Japanese Prime Minister Shigeru Ishiba (1st R, front row) attends a plenary session at the lower house of Japan’s parliament in Tokyo, Japan, Oct. 9, 2024. (Xinhua/Zhang Xiaoyu)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.