Connect with us

Myanmar

၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၃ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား (၂၂/၁၀/၂၀၂၄ – MRTV)

-ရုရှားရေတပ် Russian Pacific Fleet မှ ချစ်ကြည်ရေးအဖွဲ့ခေါင်းဆောင်နှင့် စစ်ရေယာဉ်မှူးများအား လက်ခံတွေ့ဆုံ (၂၂/၁၀/၂၀၂၄ – MRTV)

-ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် လာအိုနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေး (၂၃/၁၀/၂၀၂၄ – MOI)

-နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း နေပြည်တော်အတွင်း စားအုန်းဆီတင်သွင်းမှု လျှော့ချရေး၊ ဒေသတွင်းစားသုံးဆီဖူလုံရေး၊ ဆီထွက်သီးနှံများ တိုးမြှင့်ကြိတ်ခွဲနိုင်ရေးတို့အတွက် နေပြည်တော် ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက် (၂၃/၁၀/၂၀၂၄ – MOI)

-မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တန်ခိုးကြီးဘုရားများ၏ သမိုင်းအချက်အလက်များနှင့် ဘုရားဖူးလမ်းညွှန်များကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း လေ့လာကြည့်ရှုနိုင် (၂၃/၁၀/၂၀၂၄ – MDN)

-ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အချို့တွင် လေပြင်းတိုက်ခိုက်ပြီး မိုးရွာသွန်းမှုကြောင့် ကျိုးပဲ့ပျက်စီးခဲ့သည့် ဓာတ်အားလိုင်းတိုင်များနှင့် ဆက်စပ်ပစ္စည်းများအား အမြန်ပြန်လည်ပြုပြင်ပြီး ဓာတ်အားပုံမှန် ဖြန့်ဖြူးပေးလျက်ရှိ (၂၃/၁၀/၂၀၂၄ – MRTV)

-သာစည်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြင်းဒိုက်-ကမ္ဘားနီ-စေတီတောင်-ဆင်တောင်-ခွေးရုပ်လမ်း ပျက်စီးမှုအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သွားရောက်ကြည့်ရှုစစ်ဆေး (၂၃/၁၀/၂၀၂၄ – MOI)