Connect with us

China

တရုတ်နိုင်ငံ၏ ရှန်ကျိုး-၁၈ အာကာသယာဉ်မှူးများ တာဝန်လွှဲပြောင်းမှုပြီးစီး၊ နိုဝင်ဘာ ၄ ရက်တွင် ကမ္ဘာမြေသို့ပြန်လာမည်

ရှန်ကျိုး-၁၈ နှင့် ရှန်ကျိုး-၁၉ လူလိုက်ပါသောအာကာသယာဉ်များမှ အာကာသယာဉ်မှူးများ စကားစမြည်ပြောကြားနေသည့်ပုံကို ပေကျင်းအာကာသနည်းပညာထိန်းချုပ်ရေးစင်တာမှ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၃၀ ရက်က ရိုက်ကူးထားသော ဓာတ်ပုံတွင် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ရှန်ကျိုး-၁၈ အာကာသယာဉ်မှူးများသည် နိုဝင်ဘာ ၁ ရက်က ရှန်ကျိုး-၁၉ အာကာသယာဉ်မှူးများနှင့် တာဝန်လွှဲပြောင်းခြင်းအခမ်းအနား ပြုလုပ်ခဲ့ပြီး အာကာသစခန်း၏ သော့များကို လွှဲပြောင်းပေးအပ်ခဲ့သည်။
ယခုအခါ ရှန်ကျိုး-၁၈ အာကာသယာဉ်မှူးများသည် စီစဉ်ထားသောလုပ်ငန်းတာဝန်များအားလုံး ပြီးစီးခဲ့ပြီဖြစ်သည်။ အဆိုပါ အာကာသယာဉ်မှူးသုံးဦးတို့သည် ရှန်ကျိုး-၁၈ အာကာသယာဉ်နှင့် လိုက်ပါပြီး တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တုန်းဖုန်း အာကာသယာဉ်ဆင်းသက်ရေးနေရာသို့ နိုဝင်ဘာ ၄ ရက်၌ ပြန်လာမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါသောအာကာသအေဂျင်စီထံမှ သိရသည်။

လက်ရှိတွင် အာကာယာဉ်မှူးသုံးဦး ပြန်လည်ရောက်ရှိလာမှုကို ကြိုဆိုရန် အာကာသယာဉ်ဆင်းသက်ရေးနေရာနှင့် ပါဝင်သည့်စနစ်များအားလုံး နောက်ဆုံးအဆင့်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီဖြစ်သည်။ (Xinhua)
……………………………………..
(English Version)
China’s Shenzhou-18 astronauts complete handover, returning to Earth on Monday
BEIJING, Nov. 1 (Xinhua) — The crew of China’s Shenzhou-18 spacecraft held a handover ceremony with the Shenzhou-19 crew and transferred the keys of the country’s space station to the latter on Friday.
The Shenzhou-18 crew has now completed all planned tasks. The three astronauts will take the Shenzhou-18 spacecraft and return to the Dongfeng landing site in north China’s Inner Mongolia Autonomous Region on Nov. 4, according to the China Manned Space Agency.
At present, the landing site and all participating systems are making final preparations to welcome the trio back.
Photo: This image captured at Beijing Aerospace Control Center on Oct. 30, 2024 shows the crew of Shenzhou-18 and Shenzhou-19 manned spaceships talking with each other. (Xinhua/Li Jie)